၂၀၂၀-၂၀၂၁ခုနှစ်မှ စတင်ကာ တိုင်းရင်းသားဘာသာစကားသင်ကြားရာတွင် ကျောင်းသား/သူ ၂ဝဦးတွင် ဆရာ/မ တစ်ဦးနှုန်း ခန့်အပ်မည်ဟုဆို

၂၀၂၀-၂၀၂၁ခုနှစ်မှ စတင်ကာ တိုင်းရင်းသားဘာသာစကားသင်ကြားရာတွင် ကျောင်းသား/သူ ၂ဝဦးတွင် ဆရာ/မ တစ်ဦးနှုန်း ခန့်အပ်မည်ဟုဆို

တိုင်းရင်းသားဘာသာစကားများသင်ကြားရရာတွင် ၂၀၂၀-၂၀၂၁ ခုနှစ်မှ စတင်ကာ ကျောင်းသား/သူ ၂ဝဦးတွင် ဆရာ/မ တစ်ဦးနှုန်းဖြင့်ခန့်အပ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်ထွန်းက ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နီရွှေလျန်းမှ ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသား စာပေသင်ကြားမည့် ဆရာ၊ ဆရာမများကို ခန့်ထားခြင်း မရှိသေးသော ကျောင်းများတွင် ဆက်လက်ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ ဒီဇင်ဘာ ၆ရက်နေ့တွင်ကျင်းပခဲ့သည့် ပြည်သူလွှတ်တော်အစည်းအဝေးတွင် မေးမြန်းရာ ဝန်ကြီးမှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဝန်ကြီးက ပြန်လည်ဖြေဆိုတဲ့အပေါ်မှာ ကျေနပ်မှုရှိပါတယ်၊ ကျောင်းသား အယောက် ၂ဝကို ဆရာ/မ တစ်ယောက်နှုန်းခန့်ထားမယ်လို့ဖြေထားတာဖြစ်တဲ့အတွက် လုံလောက်မှုရှိတယ်လို့ ကျွန်မထင်တယ်”ဟု ပြည်သူ့လွှတ်တော်အမတ် ဒေါ်နီရွှေလျန်းမှ ပြောသည်။

ပညာရေးဝန်ကြိးဌာနအနေဖြင့် ချင်းပြည်နယ်အတွင်း Teaching Assistant (TA) အဖြစ် ၄၇၃ဦးအား ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း ခန့်ထားခဲ့ပြီး ၂၇၁ဦးအား ဆက်လက်ခန့်ထားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဒုဝန်ကြီး ဦးဝင်းမောင်ထန်းမှ ဖြေကြားခဲ့သည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...