ICJတွင် အမှုရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ကလေးမြို့နှင့်ချင်းပြည်နယ်မြို့ကြီးများတွင် ထောက်ခံပွဲ ကျင်းပ

ICJတွင် အမှုရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ကလေးမြို့နှင့်ချင်းပြည်နယ်မြို့ကြီးများတွင် ထောက်ခံပွဲ ကျင်းပ

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJတွင် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို တရားစွဲထားခြင်းကို ရင်ဆိုင်ဖြေရှင်းမည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်းဆန္ဒထုတ်ဖော်ပွဲကို ယနေ့ စစ်ကိုင်းတိုင်း ကလေးမြို့၊ ချင်းပြည်နယ် ဟားခါး၊ဖလမ်းနှင့် မင်းတပ် မြို့အသီးသီးတွင် လူထုထောက်ခံပွဲများကျင်းပခဲ့သည်။

လူထုထောက်ခံပွဲကျင်းပရာ ကလေးမြို့၊ ချင်းပြည်နယ် ဟားခါး၊ဖလမ်းနှင့် မင်းတပ် မြို့အသီးသီးတွင် We stand with Daw Aung San Su Kyi အမေစုနှင့်အတူ ၊နိုင်ငံတော်၏အကျိူးစီးပွားကိုကာကွယ်ရန် နိုင်ငံသားတိုင်းတာဝန်ရှိသည် စာတန်းများပါဝင်သောပိုစတာများကိုကိုင်ဆောင်ပြီး ကလေးမြို့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲကိုလူအင်အား၁၀၀၀၀န်းကျင်ဖြင့်ပြုလုပ်ခဲ့သလိုချင်းပြည်နယ်ဟားခါးမြို့တွင်ဝမ္မသူးမောင်းအားကစားကွင်းတွင်ပြည်နယ်အစိုးရဦးဆောင်မူဖြင့်လူထုအင်အား(၉၀၀၀)ကျော်ဖြင့်ထောက်ခံပွဲပြုလုပ်ခဲ့ပြီး၊ဖလမ်းမြို့နှင့်မင်းတပ်မြို့တွင်လူထုအင်အား၁၀၀၀၀န်းကျင်ဖြင့်ထောက်ခံပွဲများကိုယနေ့မနက်ပိုင်းတွင်ပြုလုပ်ခဲ့ကြသည်။

ကလေးမြို့ လူထုထောက်ခံအားပေးပွဲတွင် ဦးဆောင်သူ တစ်ဦးထဲမှ ဦးအေးမြင့်က “နိုင်ငံရေး အကျဉ်းသား အဖွဲ့အစည်းဟောင်းရယ် အရပ်အဖွဲ့အစည်းတွေနဲ့ ဦးဆောင်ပြီးမှ ဒေါ်အောင်ဆန်းစုကြည် ICJ မှာ အမူရင်ဆိုင်မဲ့ ကိစ္ဓနဲ့ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်သွေးထဲ တစ်သားထဲ ရှိတဲ့ အကြောင်း အမြဲတမ်း ထောက်ခံတဲ့အကြောင်း ပြည်သူလူထုနဲ့ ပြတဲ့ လူထုလှုပ်ရှားမှုဖြစ်တယ်” ဟုဆိုသည်။

ဦး အေးမြင့်က “အရပ်ဖက်လူမှုအဖွဲ့အစည်း စုပေါင်းပြီးမှ NLDရဲ့ပံ့ပိုးကူညီပေးမှုနဲ့ အခြားပါတီဝင်တွေရော ဘာသာပေါင်းစုံကရော တစ်စုတစ်စည်းထဲ ဒေါ်အောင်ဆန်းစုကြည် နောက်မှာ ဝိုင်းရံနေတဲ့ကြောင်း ပြသခြင်းဖြစ်တယ်” ဟု ပြောသည်။နယ်သာလန်နိုင်ငံ သဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် တရားရင်ဆိုင်ရမည့် နိုင်ငံတော်အ တိုင်ပင်ခံကို အားပေးထောက်ခံကြောင်း ဦးဆောင်သူ ဦးအေးမြင့်ကပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာမွတ်စလင်တွေများကို လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန် သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ် အမူဖွင့်ထားသည်ကို နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့တွင်ရှိသော အပြည်ပြည်ဆိုင်ရာ တရားရုံး ICJတွင် ဒီကနေ့မှ စတင်ပြီး ကြားနာရမှာဖြစ်သည်။

ဦး အေးမြင့်က “လူအများက လူမျိုးတုန်းသတ်ဖြတ်တာကို မသိဘူး ကျွန်တော်တို့နိုင်ငံကသာ ဒီကိစ္စကို ကျူးလွန်တယ် ဆိုရင် ဂမ်ဘီယာ ကစွတ်စွဲတယ် ကျူးလွန်တာ မှန်ရင် ခိုးဝင်ဘင်္ဂါလီတွေက ဒီနေ့ထိ ဘာလို့ ခိုးဝင်နေမှာ လည်း မနေ့တစ်နေ့ကတောင် ကလေးမြို့ကနေဖမ်းမိတယ်” ဟု ပြောသည်။

နယ်သာလန်နိုင်ငံ The Hague မြို့ နိုင်ငံတကာတရားရုံးတွင် မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်ရန်သွားသည့် နိုင်ငံတော်အတိုင်ပင်ခံအား ထောက်ခံပွဲကို ယနေ့ ဒီဇင်ဘာ ၁၀ရက်နေ့တွင်ရန်ကုန်မန္တလေးမြို့ကြီးများအပါအဝင်နိုင်ငံတဝှမ်းတွင်လူထုထောက်ခံပွဲများအသီးသီးကျင်းပခဲ့သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...