ICJ တွင်တရားစွဲခံရသည့်ကိစ္စမှာ နိုင်ငံတော်အဆင့်ပြဿနာဖြစ်သည့်အတွက် ထောက်ခံပွဲကို ခရိုင် ၄ခုတွင် ပြည်နယ်အစိုးရအနေနဲ့ ကျင်းပခြင်းဖြစ်ဟုဆို

ICJ တွင်တရားစွဲခံရသည့်ကိစ္စမှာ နိုင်ငံတော်အဆင့်ပြဿနာဖြစ်သည့်အတွက် ထောက်ခံပွဲကို ခရိုင် ၄ခုတွင် ပြည်နယ်အစိုးရအနေနဲ့ ကျင်းပခြင်းဖြစ်ဟုဆို
by -
Salai Benezer

ချင်းပြည်နယ်အစိုးရအနေနဲ့ နိုင်ငံတကာတရားရုံး (ICJ) တွင် တရားရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကျင်းပခြင်းမှာ ICJ တွင်တရားစွဲခံရသည့်ကိစ္စမှာ နိုင်ငံတော်အဆင့်ပြဿနာဖြစ်သည့်အတွက် ကျင်းပခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။

“ဒီမိုကရေစီခက်ဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်နဲ့ပေါ့နော် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်၊ လွတ်လပ်စွာ သဘောထား ထောက်ခံခွင့်ရှိတယ်၊ အားလုံးသဘောထားတူညီမှုဆိုတာကတော့ မလွယ်ပါဘူး၊ တစ်ခြားပြည်နယ်နှင့် တိုင်းမှာလည်း အဲလိုပဲ လုပ်ကြတယ်၊ လက်ရှိကတော့ နိုင်ငံတော်အဆင့်အနေနဲ့ ဖြေရှင်းနေရတဲ့အတွက် ကျွန်တော်တို့ချင်းပြည်နယ် အစိုးရအနေနဲ့လည်း ဖွဲ့စည်းထားတဲ့ ခရိုင် (၄) ခုလုံးမှာ ထောက်ခံပွဲလုပ်ထားတာပါ၊ တစ်ချို့သဘောထား မတိုက်ဆိုင်တာတွေလည်းရှိမှာ ပါတီကိစ္စတွေပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့ အစိုးရဖွဲ့အနေနဲ့ကတော့ လုပ်သင့်တယ်ထင်လို့ ထောက်ခံပွဲကို လုပ်တာဖြစ်တယ်” ဟု စည်ပင် ဝန်ကြီး ဦး စိုးထက်က ပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအား ခရိုင် (၄)ခုဖြစ်သည့် ဟားခါးမြို့၊ ဖလမ်းမြို့၊ မင်းတပ်မြို့နှင့် မတူပီမြို့တို့တွင် ကျင်းပခဲ့ပြီး ကုန်ကျစားရိတ်များကို ရပ်ပိရပ်ဖများနှင့် ဘာသာရေးအဖွဲ့အစည်းများမှ ကုန်ကျခံထားကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။

ခရိုင် (၄)ခုတွင် ကျင်းပခဲ့သည့် ထောက်ခံပွဲအပေါ် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တွဲဖက်ဥက္ကဌဖြစ်သူ ဆလိုင်းငိုင်ဆာ့ခ်မှ “အစိုးရက အပေါ်ကဆိုတော့ ဝန်ထမ်းဆိုတာက အပေါ်က ခိုင်းရင်လုပ်ရတာဘဲလေ၊ ခုကိစ္စလည်း သူတို့သဘောထားနဲ့ မဟုတ်ဘဲနဲ့ အပေါ်က ခိုင်းလို့လုပ်တာလို့ထင်တယ်ပေါ့ ”ဟု ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာမွတ်စလင်တွေများကို လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန် သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ် အမူဖွင့်ထားသည်ကို နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့တွင်ရှိသော အပြည်ပြည်ဆိုင်ရာ တရားရုံး ICJတွင် ဒီကနေ့မှ စတင်ပြီး ကြားနာရမှာဖြစ်သည်။

နယ်သာလန်နိုင်ငံ The Hague မြို့ နိုင်ငံတကာတရားရုံးတွင် မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်ရန်သွားသည့် နိုင်ငံတော်အတိုင်ပင်ခံအား ထောက်ခံပွဲကို ယနေ့ ဒီဇင်ဘာ ၁ဝရက်နေ့တွင်ရန်ကုန်မန္တလေးမြို့ကြီးများအပါအဝင်နိုင်ငံတဝှမ်းတွင်လူထုထောက်ခံပွဲများအသီးသီးကျင်းပခဲ့သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...