ICJ တွင် အစိုးရအနေနှင့် မရှောင်လွှဲဘဲ တာဝန်ခံဖြေရှင်းသင့်ဟု CNF ပြော

ICJ တွင် အစိုးရအနေနှင့် မရှောင်လွှဲဘဲ တာဝန်ခံဖြေရှင်းသင့်ဟု CNF ပြော

လားနွန် — လူမျိူးတုန်းသတ်ဖြတ်မှုကျူးလွန်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် တရားစွဲခံနေရသည့်ကိစ္စနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအစိုးရကိုယ်တိုင် သွားရောက်ဖြေရှင်းရန် လုပ်ဆောင်မှုသည် ကောင်းတဲ့လက္ခဏာဖြစ်သည်ဟု ချင်းအမျိူးသားတပ်ဦး (CNF) ကပြောဆိုလိုက်သည်။

ချင်းအမျိူးသားတပ်ဦး (CNF) လက်ထောက်အထွေထွေအတွေင်းရေးမှူး(၁) ဒေါက်တာရွှေခါရ်းက “ မြန်မာနိုင်ငံက Genocide Convention မှာ လက်မှတ်ရေးထိုးထားတယ် ဒါက တာဝန်ခံရမယ့် ဖြေရှင်းရမယ့်ကိစ္စ ဆိုတော့ အဲဒီမှာ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ဒီလိုမျိုးဖြေရှင်းဖို့လုပ်ဆောင်တာဟာ ကောင်းတဲ့ဟာဖြစ်တာပေါ့” ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ရိုဟင်ဂျာများကို  လူမျိုးတုံးသတ်ဖြတ်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါ တရားစွဲဆိုခံရ သည့်ကိစ္စနှင့်ပတ်သ က်၍ လာမည့် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့ရှိ ICJ တရားရုံးတွင် ကြားနာစစ်ဆေးမည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးအဖြစ်နှင့် ဦးဆောင် ၍ သွားရောက်ရင်ဆိုင်ဖြေရှင်းမည်ဖြစ်သည်။

ယခုကဲ့သို့ မြန်မာအစိုးရအနေဖြင့် မရှောင်လွဲဘဲ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ သွားရောက်ဖြေရှင် းရန်လုပ်ဆောင်မှု သည့် ဖြစ်သင့်သည့်အရာလည်းဖြစ်သည်ဟု ဒေါက်တာရွှေခါရ်းကပြောသည်။

“ဒီအမှုမှန်တယ်မမှန်ဘူးဆိုပြီးတော့ အစိုးရကိုထောက်ခံတယ် မထောက်ခံဘူးဆိုပြီးတော့ မဟုတ်ဘူး ကျနော်တို့ပြောချင်တာက အစိုးရအနေနဲ့ ဒီလိုမျိုးမရှောင်လွှဲဘဲနဲ့ တာဝန်ခံပြီးတော့ဖြေရှင်းသင့်တဲ့ဟာဖြစ်တယ်

အဲလိုပဲကျနော်ကမြင်ပါတယ်”ဟု ဒေါက်တာရွှေခါရ်းကပြောသည်။

သို့သော်လည်း အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သွားရောက်ဖြေရှင်းခြင်းသည် စွဲဆိုထားသည့်အမှုအပေါ် ပြောင်းလဲမှုရှိမည်မထင်ကြောင်း သူကဆက်ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သွားပြီးဖြေရှင်းတဲ့ဟာက အမှုတော့ ပြောင်းလဲသွားမှာတော့မဟုတ်ဘူး ဟိုဘက်ကစွပ်စွဲချက်တွေကို အချက်အလက်နဲ့ တိတိကျကျပြန်ပြီးတော့ တုန့်ပြန်ဖို့တော့လိုတာပေါ့ အဲဒီပေါ်မှာပဲ ပိုပြီးတော့ မူတည်သွားလိုက်မယ်” ဟု CNF လက်ထောက်အထွေထွေအတွင်းရေးမှူး(၁) ကပြောသည်။

ချင်းအမျိူးသားတပ်ဦး (CNF) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချူပ်(NCA) ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီ၏ အထွေထွေအတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်ကတော့ ICJ ကိစ္စနှင့်ပတ်သက်၍ သူ့အမြင်ကို ယခုလိုပြောဆိုပါသည်။

“ICJ ရဲ့လုပ်ဆောင်ချက် ကျနော်ကတော့ ထောက်ခံတယ် ICJ ဆိုတာက ကုလသမ္မကရဲ့ တရားရုံးဖြစ်နေတယ်လေ ဒါကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိတရားရုံးထက်တော့ အများကြီးသာမှာပါ အခုဟာ တကယ့် လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်နေတာလား အခုကကြားနာဖို့လုပ်ရမှာလေ ဒီဖက်ကစွပ်စွဲတဲ့ဟာတွေ တိုင်ကြားတဲ့ဟာတွေ ဟိုဘက်နိုင်ငံကယူဆောင်လာတဲ့အချက်အလက်တွေက ဘယ်လောက်ထိမှန်ကန်သလဲ ဘယ်လောက်ထိ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်မမြောက်ဘူးဆိုတာကို ဒီဖက်ကလည်းပဲ သူ့မှာရှိတဲ့အချက်အလက်နဲ့ အပြန်အလှန်ဒါကို ထွက်ဆိုပြီးတော့မှ အဖြစ်အမှန်အတိုင်းနဲ့ တရားမျှတမှုကို အခြေခံပြီးတော့ ICJ က ဆုံးဖြတ်လိမ့်မယ်လေ၊ အဓိကကျနော်တို့ ပြည်သူလူထုအနေနဲ့ ကျနော်တို့ ရပ်တည်ရမယ်ဟာနဲ့ ဆုတောင်းရမယ့်ဟာက ICJ ကနေပြီးတော့မှ အမှန်အတိုင်းဖြစ်ရပ်အမှန်အတိုင်းသိရှိနိုင်ဖို့နဲ့ ကြားနားဆုံးဖြတ်နိုင်ဖို့နဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ပဲ ဘက်လိုက်မှုမရှိပဲနဲ့ အမှန်အတိုင်းကို ဆုံးဖြတ်ဖို့ပဲလိုပါတယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ICJ တရားရုံးတွင် စစ်ဆေးကြားနာမှုမရှိသေးဘဲ မည်သူမှားသည် မှန်သည်ကိုမူမသိသေးသည့်အချိန်တွင်  ထောက်ခံမှုပြုလုပ်နေကြခြင်းသည် မဖြစ်သင့်ဟု ၎င်းကဆက်ပြောသည်။

ယခုလက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ သို့ သွားရောက်ဖြေရှင်းမည့်ကိစ္စအပေါ် “ဝ”တပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့ စသည့် လက်နက်ကိုင်တပ်ဖွဲ့များက ကြိုဆိုထောက်ခံကြသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...