DKBA နှစ်ဖွဲ့ ပြန်လည်ပေါင်းစည်းရန် ကြိုးပမ်းနေ

DKBA နှစ်ဖွဲ့ ပြန်လည်ပေါင်းစည်းရန် ကြိုးပမ်းနေ

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA (ခွဲထွက်)တို့ နှစ်ဖွဲ့ ပြန်လည် ပေါင်းစည်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု DKBA  (ခွဲထွက်) စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီးစောကျော်သက်က ကေအိုင်စီသို့ ဒီဇင်ဘာ ၅ ရက်တွင် ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းတွင် မြန်မာ-ထိုင်း နယ်စပ်တစ်နေရာ၌ နှစ်ဖွဲ့သော ထိပ်ပိုင်း ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ကျင်းပမည့် DKBA ၏ ၂၅ နှစ် မြောက် ငွေရတုအခမ်းအနားတွင် ပေါင်းစည်းနိုင်ရန် ရည်မှန်းထားသည်ဟု ဗိုလ်ချုပ်ကြီး စောကျော်သက်က ပြောသည်။

၎င်းက  “ကရင်တွေ စည်းလုံးညီညွတ်လာဖို့နဲ့ တစ်မျိုးတည်း ဖြစ်လာအောင် ပူးပေါင်းလုပ်ဆောင်သွားဖို့ ကြိုးစားနေ ပါတယ်။ အခုကတော့ ဆွေးနွေးတိုင်ပင်နေဆဲပါ။ မပြီးပြတ်သေးဘူး။ ကိုယ့်ကရင်တွေ ကွဲတာပြဲတာကနေ ပြန်လည် ပူးပေါင်းဖို့ အချိန်ပဲ။ ပူးပေါင်းလိုက်မယ်ဆိုရင် ညီညွတ်ဖို့အတွက်သာမက တိုက်ပွဲတွေလည်း နည်း သွားမယ် ဆိုတော့ ပိုပြီး ကောင်းတာပေါ့” ဟု ပြောသည်။

ညှိနှိုင်းဆွေးနွေးမှု မပြီးပြတ်သေးသည့်အတွက် အကုန်အစင်ချပြ၍ မရသေးသော်လည်း နှစ်ဖွဲ့ ပေါင်းစည်း နိုင်ရေးအတွက် အဆင်ပြေမည့် အခြေအနေတွင်ရှိသည်ဟု ဗိုလ်ချုပ်ကြီး စောကျော်သက်က ဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ဘက်မှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရရှိပေ။

DKBA အဖွဲ့သည် KNU-ကရင်အမျိုးသားအစည်းအရုံးမှ ၁၉၉၄ ခုနှစ်တွင် စတင် ခွဲထွက်ခဲ့ပြီးနောက် တိုးတက် သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်-DKBA အဖြစ် ရပ်တည်ခဲ့ရာမှ ၂၀၁၂ခုနှစ်၊ ဧပြီလတွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA အဖြစ် နာမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ထိုဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)မှ ၂၀၁၆ခုနှစ်က ထုတ်ပယ်ခြင်းခံရသူ တပ်မှူးနှင့် တပ်ဖွဲ့ဝင် များဖြင့် ဖွဲ့စည်းထားသော DKBA ခွဲထွက်အဖွဲ့သည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA အမည်ဖြင့် ပြန်လည်ရပ်တည်နေခဲ့ခြင်း ဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...