အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်တွင် လူထုပါဝင်ခွင့်ပြုရန် ကချင်အရပ်ဖက်အဖွဲ့အစည်းများတောင်းဆို

အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်တွင် လူထုပါဝင်ခွင့်ပြုရန် ကချင်အရပ်ဖက်အဖွဲ့အစည်းများတောင်းဆို

အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အပစ်ရပ်လက်မှတ်ထိုးရန် ပြင်ဆင်ရာတွင် လူထုပါဝင်ခွင့်ပြုသင့်ကြောင်း ကချင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ချက်ဖြင့် တောင်းဆိုထားသည်ကို တွေ့ရပါသည်။

ကချင်အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့ မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဝင်းတွင် ပြုလုပ်ခဲ့ပြီးနောက် ယခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

‘‘ငြိမ်းချမ်းရေးဆိုတဲ့လမ်းကြောင်းမှာ တက်လှမ်းနိုင်ဖို့ဆိုရင် အပစ်ခတ်ရပ်စဲရေးအဆင့်မှာဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် ပြည်သူပါဝင်ရမယ်။ ပြည်သူတွေပါမှ ဒီပြည်သူတွေက သက်သေအနေနဲ့ဖြစ်သွားတဲ့အတွက် သဘောတူချုပ်ဆိုထားတဲ့အချက်တွေ ချိုးဖောက်ဖို့အတွက် ခက်ခဲသွားပြီ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ထိုးတယ်။ မနက်ဖြန်ပြန်ပြီး တိုက်ခိုက်နေကြမယ်ဆိုရင် စစ်ရှောင်တွေ တစ်ခါပြန်ပြီးတော့ စစ်ရှောင်ရပြန်တယ်။’’ ဟု ထွယ်ဂျန်ဒါဖွံ့ ဖြိုးရေးအဖွဲ့မှ ဆရာမဒေါ်နန်ပူ ပြောပါသည်။

စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်အပြင် ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ပြည်သူပါဝင်သင့်ကြောင်းနဲ့ သက်ဆိုင်တဲ့အချက် ၈ ချက်ကိုလည်း ထုတ်ပြန်ထားပါသည်။

‘‘ပြောချင်တာက လူ့ဂုဏ်သိက္ခာနဲ့အညီ မိမိနေရပ်ကို ကောင်းမွန်စွာ ပြန်ချင်တယ်။ စစ်ရှောင်နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေလည်း ဒီသဘောထားကို ကောင်းစွာ နားလည်ပေးရမယ်။ အကောင်အထည်ဖော်ပေးရမှာဖြစ်တယ်။’’ ဟု မလိယန်စစ်ရှောင်စခန်းမှ ဆရာဆိုင်းခေါင်ပြောပါသည်။

ကချင်ပြည် တစ်ကျော့ပြန်တိုက်ပွဲ ၈ နှစ်ကျော်လာချိန် ပြည်နယ်တွင်း စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော် ရှိနေဆဲဖြစ်ပါသည်။ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တို့အဖွဲ့ကြား Bilateral ထိုးမည့် သတင်းများ ထွက်ပေါ်လာချိန် ကချင်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများမှ ယခုလို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း အစိုးရတပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား နိုဝင်ဘာ ၂၉ ရက်နေ့ နမ်ဆန်ကျေးရွာ၊ နိုဝင်ဘာ ၃၀ ရက်နေ့ မံစီမြို့နယ်တို့တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...