Published
Monday, December 02, 2019
ကျောင်းဆရာမ လျာဒိမ်လွန်မန် အသတ်ခံရမှုသည် နယ်စပ်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများကို ခြိမ်းခြောက်မှုဟု မမြင်စေလိုကြောင်း လူမှုရေးဝန်ကြီးပြော
Salai C.Lian
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာအုပ်စု၊ တွီးဗျာလ်ဇန်ကျေးရွာနေ ကျောင်းဆရာမ လျာဒိမ်လွန်မန် အသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး နယ်စပ်ရှိ အခြားဝန်ထမ်းများအပေါ် ခြိမ်းခြောက်မှုအနေဖြင့် မမြင်စေချင်ကြောင်း ချင်းပြည်နယ် လူမှုရေး ဝန်ကြီးဦးပေါင်လွန်းမင့်ထန်က ပြောသည်။
ချင်းပြည်နယ် လူမှုရေး ဝန်ကြီး ပေါင်လွန်းမင့်ထန်က “နယ်စပ်က ဆရာ/မတွေရဲ့ လုံခြုံမှုဆိုတာကတော့ ကျွန်တော်အမြဲတမ်းပြောတယ်၊ ဒီဟာက ကျွန်ပ်အနေနဲ့ တိုတ်ပွဲတွေဖြစ်လို့ အခုလိုဖြစ်တာ မဟုတ်ဘူး၊ ပလက်ဝဘက်မှာကတော့ တိုက်ပွဲတွေရှိတယ်၊ ဆိုတော့သူတို့အတွက်တော့ နိူင်ငံတော်ရဲ့လုံခြုံရေးလိုနေတယ်၊ ခုဖြစ်သွားတဲ့ကိစ္စက တစ်ချို့လူငယ်တွေကလည်း ကျွနု်ပ်ကိုအပြစ်တင်ကြတယ်၊ ဒေသခံတွေ၊ ရဲတပ်ဖွဲ့တွေ၊ စစ်တပ်ကိုလည်း သွားမေးခိုင်းတယ်၊ ဟိုဘက်ကသည်းအဖွဲ့တွေ လက်ချက်ဆိုတာလည်း ပြောလို့မရသလို သေချာရင်တော့ နိူင်ငံတော်လုံခြုံရေး လုပ်သွားလိုက်မယ်၊ သူတို့နှစ်ယောက်ကြားက ဖြစ်သွားတဲ့ကိစ္စဖြစ်တယ်၊ ဆိုတော့ တစ်ခြားဆရာ/မတွေအတွက်ကတော့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုအနေနဲ့ မမြင်စေချင်ဘူး” ဟု ပြောသည်။
အသတ်ခံရသူဖြစ်သည့် ကျောင်းဆရာမ၏ မောင်၏ ပြောပြချက်အရ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ကျောင်းဆရာမအနေဖြင့် တာဝန်ကျသည့် နေရာသို့ မသွားရဲသည့် အခြေအနေတွင် ရှိကြောင်း အသတ်ခံရသူ ကျောင်းဆရာမ မောင်ဖြစ်သူက ပြောသည်။
အသတ်ခံရသူ ကျောင်းဆရာမ မောင်ဖြစ်သူက “သူနဲ့အတူတာဝန်ကျတဲ့ ဆရာမတောင် အခုမပြန်ရဲဘူး၊ ဘာလို့ပြန်ရဲမှာလဲ၊ သူနဲ့ လုပ်ဖော်ကိုင်ဖက် အသတ်ခံရတာကိုး၊ သူဘာလို့ပြန်ရဲတော့မှာလဲ” ဟု မောင်မှပြောသည်။
အဆိုပါ ဆရာမ အသတ်ခံမှုနဲ့ ပတ်သက်ပြီး တရားခံကို ဖမ်းဆီးနိူင်ဖို့ အိန္ဒိယနိူင်ငံ နယ်ခြားစောင့် အာသံစစ်တပ်ကိုလည်း အကူအညီတောင်းခဲ့ပြီး၊ ပြည်သူဘက်ကလည်း သတင်းပေးပို့ဖို့ အကူအညီလိုကြောင်း ဝန်ကြီးက ဆိုသည်။

ဝန်ကြီး ပေါင်လွန်းမင့်ထန်က “ကျောင်းဆရာမ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောချင်တာကတော့ တရားခံ အိန္ဒိယဘက်ကို ထွက်သွားတော့ ဖမ်းဆီးဖို့ ဝရမ်းလည်း ထုတ်ပြီးပြီ၊ ဖမ်းဆီးဖို့ အခက်အခဲရှိတော့ အိန္ဒိယနိူင်ငံ နယ်စပ်လုံချုံရေးလုပ်နေတဲ့ အာသံတပ်မတော်ကိုလည်း အကူအညီတောင်းထားပြီးပြီ၊ လူမှုအဖွဲ့အစည်းကိုလည်း အကူအညီတောင်းထားတယ်၊ ပြည်သူဘက်ကလည်း သတင်းပေးဖို့ လိုနေတယ်၊ တရားခံက မြန်မာပြည်မှာ မရှိဘူးဆိုတာ သေချာတော့ ကျွန်တော်တို့ ကမ်းကုန်သွားပြီ” ဟု ပြောသည်။