မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံတို့ နိုင်ငံတော် အဆောင်အယောင်တို့ဖြင့် မဲဆွယ်နိုင်

မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံတို့ နိုင်ငံတော် အဆောင်အယောင်တို့ဖြင့် မဲဆွယ်နိုင်

အောင်မြတ်သူ — လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးရေးကာလ၌ နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံတို့ကို နိုင်ငံတော်မှပေးအပ်ထားသော အသုံးအဆောင်များနှင့် မဲဆွယ်စည်းရုံးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

နိုဝင်ဘာ ၂၇ ရက်နေ့က နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုအပေါ် ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 “ဒါက နိုင်ငံတော်ရဲ့ ငွေကြေး ပစ္စည်း မြေပြင် အဆောက်အဦယာဉ်တွေကို နိုင်ငံအကျိုးအတွက် ဆောင်ရွက် သလို တရားဝင်ရရှိထားတဲ့ သူတွေဆိုလို့ရှိရင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ပြောထားတယ်။ ဆိုတော့ နိုင်ငံတော်သမ္မတတို့ ၊နိုင်ငံတော်အတိုင်ပင်ခံတို့ကို ပေးအပ်ချီးမြှင့်ထားတဲ့ကားတို့ မော်တော်ကားပေါ့။ ဒါ သူတို့အတွက် လုံခြုံရေးအတွက် နိုင်ငံတေ်ာကနေ စီစဉ်ပေးထားတာ။ ဆိုတဲ့အခါကျတော့ သူတို့ရဲ့ လုံခြုံရေး အတွက် စီစဉ်ထားတဲ့ ကိစ္စကို ဒါကို ဥပဒေအရ မလုပ်ရဘူးလို့ တားမြစ်ထားတာ မရှိပါဘူး။ တခြားကားကိုသာ ပြောင်းစီးရမယ်လို့ ဒါနိုင်ငံတော်ရဲ့ လုံခြုံရေး နိုင်ငံတော်က စီမံပေးထားတာ။ အဲ့တော့ သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သူရဲ့ လုံခြုံရေး ဒီကားတွေပဲ သူတို့ သွားရမယ်။ဒီလူတွေနဲ့ စောင့်ရှောက်ရမယ် ဥပဒေအရ အပ်နှင်းထားတဲ့ အခါကျတော့ ဒါတွေကို မသုံးရဘူးလို့ ပိတ်ပင်ထားတာ မရှိပါဘူး။”ဟု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

ရွေးကောက်ပွဲ ဥပဒေပုဒ်မ(၁၀) ၊ ဌ တွင် နိုင်ငံတော်၊နိုင်ငံတော်၏ ငွေကြေး ပစ္စည်း မြေ တစ်စုံတရာကို တရားဝင်ပိုင်ဆိုင်သုံးစွဲ ခွင့်ရထားပါက ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

ထို့အပြင် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အနေဖြင့် လာမည် ၂၀၂၀အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည်ဟု NLD ပါတီဘက်က ပြောရေးဆိုခွင့်ရှိသူက တရားဝင်ပြောကြားထားဖူးသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ၀ ဒေသရှိငါးမြို့နယ်မှ လွဲ၍ ကျန်သည့်နေရာများအားလုံးတွင် အခြေခံမဲစာရင်းကောက်ယူပြီးသွားပြီဖြစ်ကြောင်း သိရသည်။

 “ရခိုင် လည်းအားလုံးပြီးပါပြီ။ လက်ရှိအခြေခံမဲစာရင်း အရေအတွက်က ၃၇ သန်းကျော်ပေါ့။ ၂၀၁၅တုန်းက တော့ ၃၄သန်းကျော်၊ဆိုတော့ ဒီဟာမှာ တပ်မတော်သားတွေနဲ့အတူနေမိသားစုတွေရဲ့ မဲစာရင်းတော့ မပါသေးဘူး။ သူတို့ကတော့ တပ်မတော်သားတွေကတော့ ရွှေ့တာပြောင်းတာတွေ နည်းနည်းဟိုဟာဖြစ်တော့ နီးကပ်လာတဲ့ အချိန်မှာတော့သူတို့ဆီက ရမှာပါ။” ဟု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ကဆိုသည်။

၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး အများယုံကြည်လက်ခံနိုင်မည့် စံငါးရပ်နှင့် အညီကျင်းပသွားမည်ဟု ရွေးကောက်ပွဲကော်မရှင်ကတော့ ကြုံးဝါးထားသည်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလပိုင်းတွင် ကျင်းပခဲ့ပြီး လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို မည်သည့်လတွင် ကျင်းပသွားမည်ကို ကော်မရှင်မှ ပြောကြားထားခြင်း မရှိသေးပေ။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...