အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်

အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းလာချိန်မှာပဲ ထီးချိုင့်–ကသာလမ်းပိုင်း တစ်နေရာမှာ မေလ ၁၁ ရက်နေ့က တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ စစ်တပ် ရိက္ခာသယ်ဆောင်လာတဲ့ ယာဉ်တစ်စီးကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကားတစ်စီးပျက်စီးကာ စစ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ကားက မိုးကာအလုံအုပ်ထားတယ်။ အတွင်းထဲမှာ အင်အားအများကြီးပါသလိုပုံစံမျိုးလုပ်ထားတာ။ တကယ်တမ်းကျတော့ သေဆုံးတဲ့အလောင်းက တစ်ယောက်တည်းပဲရှိတယ်ဗျ” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

နောက်ထပ် ဒေသခံတစ်ဦးကလည်း “သူတို့တွေ တိုက်ခိုက်ခံရတာ။ လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရတာတဲ့။ ထီးချိုင့်နဲ့ ကသာကြားဘက်မှာပဲ၊ ရွာအတိအကျတော့ မသိဘူး။ ရိက္ခာသယ်တဲ့ကားလို့ သိရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအတိအကျနဲ့ နှစ်ဖက်ထိခိုက်မှုအသေးစိတ်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဒေသတွင်း စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကတော့ ထီးချိုင့်မြို့ထဲကို အိမ်စီးကားတွေ၊ Express ကားတွေအပြင် စစ်ကားတွေပါဝင်တဲ့ ယာဉ်အစီးရေ ၃၀၀ ကျော် ဝင်ရောက်လာခဲ့တယ်လို့ ကာကွယ်ရေးတပ် နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီယာဉ်တန်းထဲမှာ ကျောင်းဝန်ထမ်းတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ သက်ဆိုင်တဲ့ယာဉ်တွေပါ ပါဝင်လာတာ ကြောင့် စစ်ရေးလှုပ်ရှားမှုတစ်ခုတည်းမဟုတ်ဘဲ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ဖို့ ပြင်ဆင်လာတာလို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

စစ်တပ်ထောက်ခံတဲ့ Telegram ချန်နယ်တချို့မှာလည်း ထီးချိုင့်မြို့ကို ပြန်လည်တည်ဆောက်ဖို့နဲ့ မြို့ပြယန္တရားတွေ ပြန်လည် လည်ပတ်နိုင်ဖို့ ဌာနဆိုင်ရာတွေ စတင်ဝင်ရောက်နေပြီလို့ ရေးသားဖော်ပြနေကြပါတယ်။

ထီးချိုင့်မြို့ဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ဒေသတစ်ခုဖြစ်ခဲ့ပြီး စစ်တပ်ဘက်က မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ ပြီးနောက်ပိုင်း အုပ်ချုပ်ရေးယန္တရား ပြန်ဖော်ဆောင်ဖို့ ကြိုးပမ်းမှုတွေ ပိုမိုမြင်တွေ့လာရတာပါ။

ဒါပေမယ့် အခုလို အုပ်ချုပ်ရေးပိုင်း ပြန်လည်အသက်ဝင်လာဖို့ ပြင်ဆင်မှုတွေ မြင်တွေ့လာနေချိန်မှာပဲ ထီးချိုင့်–ကသာလမ်းပိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေသေးတာကြောင့် ဒေသတွင်း လုံခြုံရေးနဲ့ စစ်ရေးတင်းမာမှုတွေ ဆက်လက်စောင့်ကြည့်နေရဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောဆိုနေကြပါတယ်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...