ပလက်ဝမြို့နယ် တုံးမဝကျေးရွာထဲသို့ လက်နက်ကြီးကျည်ပေါက်ကွဲ ရွာသား (၃) ဦးဒဏ်ရာရရှိ

ပလက်ဝမြို့နယ် တုံးမဝကျေးရွာထဲသို့ လက်နက်ကြီးကျည်ပေါက်ကွဲ ရွာသား (၃) ဦးဒဏ်ရာရရှိ

ချင်းပြည်နယ် ပလက်ဝမြို့နယ် တုံးမဝကျေးရွာအနီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နိုဝင်ဘာ ၂၄ ရက်နေ့ ည ၁၁ နာရီကျော်တွင် ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား သုံးဦးဒဏ်ရာရရှိခဲ့ကြသည်ဟုသိရသည်။

အဆိုပါလက်နက်ကြီးကျည်ကျမှုကြောင့် တုံးမဝကျေးရွာမှ အသက် (၁၂) နှစ်အရွယ် မထက်ထက်မြင့်၊ အသက် (၄၂) နှစ်ရွယ် ဦးသောကြာအောင်နှင့် အသက် (၄၂) နှစ်အရွယ် ဦးကျော်သိန်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပလက်ဝမြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူနေကြောင်း ဦးသောကြာအောင်၏ ညီတော်စပ်သူ ဦးအောင်ကျော်ကပြောသည်။

“လက်နက်ကြီးကျတာက ဦးကျော်သိန်းရဲ့အိမ်မှာပေါ်မှာ ကျတာပါ၊ အိမ်းနီးနားခြင်းဖြစ်တဲ့ ဦးသောကြာအောင်နဲ့ သူ့သမီးလည်း ထိသွားတာတာ ဦးကျော်သိန်းဆိုတဲ့သူက နည်းနည်းတော့ စိုးရိမ်စရာဖြစ်နေတယ်” ဟု ဦးအောင်ကျော်က ပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၂၄ ရက်နေ့ကညက မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့သည် တုံးမဝကျေးရွာအောက်ပိုင်းတွင် နာရီအတော်ကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် ရွာထဲသို့ လက်နက်ကြီးကျည်ဆံကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါလက်နက်ကြီးကျည်ဆံသည် ဘယ်တပ်ဖွဲ့မှပစ်ခတ်လိုက်သည့် ကျည်ဆံဖြစ်သည်ကိုမူ ခန့်မှန်းလို့မရကြောင်း ဦးအောင်ကျော်ကပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...