မြောက်ပိုင်းသုံးဖွဲ့၏ လုပ်ဆောင်ချက်များပေါ် မူတည်ပြီး ငြိမ်းချမ်းရေးဆွေးနွေးရေးကိစ္စ ဆုံးဖြတ်မည်

မြောက်ပိုင်းသုံးဖွဲ့၏ လုပ်ဆောင်ချက်များပေါ် မူတည်ပြီး ငြိမ်းချမ်းရေးဆွေးနွေးရေးကိစ္စ ဆုံးဖြတ်မည်

တပ်မတော်အနေဖြင့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် သုံးဖွဲ့ဖြစ်သည့် ရက္ခိုင်အဖွဲ့ AA ၊ တအာင်းအဖွဲ့ TNLA နှင့် ကိုးကန့်အဖွဲ့ MNDAA တို့၏ လုပ်ဆောင်ချက်အပေါ်မူတည်ပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် ကိစ္စများကို စဉ်းစားဆုံးဖြတ်သွားမည်ဟု တပ်မတော်ဘက်က ပြောဆိုလိုက်သည်။

နိုဝင်ဘာ ၂၄ရက်နေ့က နေပြည်တော်စစ်သမိုင်းပြတိုက်တွင်  ပြုလုပ်ခဲ့သည့်  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင်  မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်နက်ခဲယမ်းဖမ်းဆီးရမိတာတွေလည်း တွေ့ထားပြီ။ နောက်သူတို့ရဲ့ လုပ်ဆောင် နေမှုတွေလည်း မြင်နေတာပဲ သိနေတာပဲ။ အဲ့အတွက်တော့ ဒီ ကိစ္စတွေက သူတို့ရဲ့ ငြိမ်းချမ်းရေးအပေါ်မှာ လိုလားတဲ့ဆောင်ရွက်မှုပေါ့။ သူတို့ရဲ့ ပြည်သူအပေါ်မှာ ဗဟိုပြု ဘယ်လောက်စဉ်းစားသလဲဆိုတဲ့အပေါ်မှာပဲ ကျွန်တေ်ာတို့ စဉ်းစားရမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့တော့ သူတို့ဆောင်ရွက်မှု အပေါ်မှာ ပဲ အဓိကထားပြီး ကျွန်တော်တို့ စဉ်းစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီကိစ္စကျတော့ ကျွန်တေ်ာတို့ကသူတို့ ဘာကိုလိုချင်တာလဲ ၊ဘာကိုဖြစ်ချင်တာလဲ ဆိုတာလေးတွေအပေါ်မှာ ကျွန်တော်တို့ ပြန်ပြီးစဉ်းစားနေတာရှိပါတယ်”ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။

လက်ရှိတွင် အောက်တိုဘာ ၂၂ရက်မှ  နိုဝင်ဘာ ၂၀ ရက်အထိ တစ်လအတွင်း စစ်တိုင်းကြီး ငါးတိုင်းတွင်  တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ထိတွေ့တိုက်ပွဲပေါင်း ၄၂ကြိမ်ရှိခဲ့ပြီး TNLA အဖွဲ့နှင့် အများဆုံး ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု တပ်မတော်ရဲ့စာရင်းများအရ သိရသည်။

အခြားတစ်ဖက်တွင်လည်း  အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်ကျော်ကြာ ရပ်နားထားရသည့်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိုနှိုင်းအစည်းအဝေး (JICM) များနှင့် ၂၁ရာစုပင်လုံအစည်းအဝေးများကို အမြန်ဆုံးပြန်လည် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း တပ်မတော်က ပြောသည်။

“ကျွန်တော်တို့ ၂၁ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံပေ့ါလေ။ ဒါကို လည်းပဲ ကျွန်တော်တို့ ကျင်းပနိုင်ဖို့အတွက် အစိုးရ နဲ့ တပ်မတော်နဲ့ ကြိုးစားဆောင်ရွက်နေတာတွေရှိပါတယ်။ ဒီနေရာမှာတော့ ကျွန်တေ်ာတို့ အနေနဲ့ကတော့ ဘာတစ်ခုပြောချင်လဲဆိုတော့ ကျွန်တော်တို့က ဒီ နိုင်ငံတော်အစိုးရကော တပ်မတော် ရောက ငြိမ်းချမ်းရေးအတွက် တော်တော်လေး စိတ်ရှည်သည်းခံပြီးစောင့်ဆိုင်း နေတာ သိစေချင်ပါတယ်။ အဲ့အပေါ်မှာ အမြတ်မထုတ်ဖို့တော့လိုပါတယ်” ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...