အိန္ဒိယနိုင်ငံ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုကြောင့် မြန်မာပြည်တွင်း ကုန်သည်များ အခက်ကြုံ

အိန္ဒိယနိုင်ငံ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုကြောင့် မြန်မာပြည်တွင်း ကုန်သည်များ အခက်ကြုံ

အိန္ဒိယနိူင်ငံနှင့် မြန်မာနိူင်ငံ၏ အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် ကလေး – ရိဒ် လမ်းကြောင်း အိန္ဒိယနိူင်ငံ နယ်စပ်ဂိတ် ပိတ်ဆို့မှုကြောင့် မြန်မာဖက်ခြမ်းမှ ကုန်သည်များ အခက်ကြုံနေ ကြောင်း သိရသည်။

ထိုကဲ့သို့ တစ်ဖက်နိုင်ငံမှ နယ်စပ်ဂိတ်ပိတ်ဆို့မှုသည် ပြည်နယ်အစိုးရအနေဖြင့် ဖြေရှင်းပေးနိုင်ရန်ခက်ခဲပြီး ပြည်ထောင်စုအဆင့်ကသာ ဖြေရှင်းပေးနိုင်ကြောင်း ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦး စိုးထက်ကပြောသည်။

ဝန်ကြီး ဦး စိုးထက်က “ကျွန်တော်တို့ သတင်းရထားတဲ့ သတင်းကတော့ အိန္ဒိယနိုင်ငံဖက်က စစ်တိုင်းမှုးတွေလာဖို့အစီအစဉ်ရှိတယ်။ အဲဒါကြောင့် ဂိတ်ကို နှစ်ရက်ပိတ်မယ်လို့သိထားတယ်။ အခုအနောက်ပိုင်းအခြေအနေကိုတော့ အသေးစိတ်မစုံစမ်းရသေးဘူး။ ဒီဖက်က ပို့တဲ့ကုန်တွေနဲ့ဟိုဖက်ကလက်ခံတဲ့နေရာမှာ အခွန်ကောက်မှုတွေ သိပ်အဆင်မပြေဘူးထင်တယ်။ ကျွန်တော်တို့ဖက်ကတော့ တရားဝင် ကုန်သွယ်ရေးလုပ်တာပဲ။ ဒီကိစ္စလိုမျိုးမှာ ဆိုးဆိုးရွားရွားဖြစ်ရင်တော့ ပြည်ထောင်စုကို တင်ပြရမှာပေါ့” ဟုပြောသည်။

သူက ဆက်ပြီး “ကျွန်တော်တို့ ဘက်ကအနေနဲ့ကျတော့ တော့အခွန်ဆောင်ရင် အကုန်သွားလို့ ရတယ်၊ ပြည်သူတွေ အခက်ကြုံတာကလည်း သိတယ်၊ အစိုးအနေဖြင့်တော့ ပြည်သူတွေ အလုပ်အကိုင်လုပ်ပေးဖို့ ရတယ်၊ ဟိုဖက်က ပိတ်ထားတော့ ကျွန်တော်တို့ လုပ်ပေးဖို့ မလွယ်တော့ဘူး၊ ပြည်နယ်အနေနဲ့ကတော့ လုပ်ပေးလို့ မရတော့ဘူး၊ နိူင်ငံချင်း စကားပြောဖို့ လိုတယ်၊ ဒါကတော့ ပြည်ထောင်စု အနေနဲ့ လုပ်ပေးဖို့လိုတယ်၊ ဒါကိုလည်း ကျွန်တော်တို့ လုပ်ပေးဖို့ ကြိုးစားနေတယ်” ဟု ပြောသည်။

မြန်မာပြည်ဖက်ခြမ်းမှ ကုန်သည်များအနေဖြင့် တစ်ဖက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှ နယ်စပ်ပိတ်ဆို့နေမှုများကြောင့် ဆုံးရှုံးမှုများရင်ဆိုင်နေရကြောင်း သိရသည်။

ကလေး-ရိဒ် ကားလိုင်းဂိတ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုဗျက်ကာက “ကွမ်းသီးတွေပို့ရမယ့် ဟာတွေက နယ်စပ်ဖက်က ပိတ်လိုက်တော့ ကျွန်တော်နာတာပေါ့၊ အရင်ကဆိုရင် အလုပ်သမားတွေ သူတို့ရတဲ့နူနု်း မရနိူ်င်တော့ဘူး၊ ကုန်သယ်တွေကလည်း သူတို့လှောင်တာတွေက ပုတ်သိုးနေတယ်၊ ပြောလိုက်ရင်တော့ ကုန်သည်တွေလည်း နာတာပေါ့၊ အခုလည်း လှောင်ထားတာများကြီး ရှိသေးတယ်၊ ကျွန်တော်တို့ဘက်ကတော့ လုံးဝကြိုးစားဖို့ မလွယ်ဘူး” ဟု ပြောသည်။

ကုန်တင်ကုန်ချပိုင်းတွင် ဦးဆောင်သူအဖြစ် ဆောင်ရွက်နေသူတစ်ဦးကလည်း “ ဇူလိုင်လ ကတည်းကဆိုတော့ တော်တော်တော့ ခံရတာပေါ့၊ အခုကတော့ သူတို့ဘက်က နယ်ခြားစောင့်က ပိတ်တာဆိုတော့ လုံးဝလုပ်လို့မရဘူး၊ ပြီးတော့ ကျွန်တော်တို့ အလုပ်သမားက ၇၀ ကျော်ရှိတယ်၊ အရင်ကဆိုရင် တစ်ရက်ကို နယ်စပ်မှာ ၂၅၀၀၀ ရတဲ့ ဟာကို ၇၀၀၀ လောက်ပဲရတော့ မိသားစုစားဝတ်နေရေးလည်း ထိခိုက်တာပေါ့” ဟု ပြောသည်။

အိန္ဒိယ – မြန်မာနှစ်နိုင်ငံကြား အဓိက ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် အတွင်းရှိ နယ်စပ်မြို့ ရိခေါဒါရ်တို့ကြား ကုန်သွယ်မှုများကို ဇူလိုင်လကတည်းက ပိတ်ပင်ထားကြောင်းသိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...