(၇၂) နှစ်ပြည့်ကချင်ပြည်နယ်နေ့ကို မနောပွဲတော်ဖြင့် ပြုလုပ်ရန် စီစဉ်နေ

(၇၂) နှစ်ပြည့်ကချင်ပြည်နယ်နေ့ကို မနောပွဲတော်ဖြင့် ပြုလုပ်ရန် စီစဉ်နေ
မြစ်ကြီးနား မနောကွင်း
မြစ်ကြီးနား မနောကွင်း

၂၀၂၀ ဇန်နဝါရီ (၁၀) ရက်နေ့ ကျရောက်မည့် (၇၂) နှစ်ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို မနောပွဲတော်ဖြင့် မြစ်ကြီးနားမြို့တွင် ကျင်းပရန် ဆုံးဖြတ်ထားကြောင်း ပွဲဖြစ်မြောက်ရေးအဖွဲ့များထံမှ သိရပါသည်။

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့သောကြောင့် ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု အသင်းအနေနှင့် ယခုနှစ်တွင်လည်းဆက်လက် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကချင်ရိုးရာယဉ်ကျေးမှုအသင်း အထွေထွေအတွင်းရေးမှူး ဦး Hpare Hkaw Luk က KNG သတင်းဌာနကို ယခုလိုပြောဆိုထား ပါသည်။

“ကချင်ပြည်နယ်နေ့ အခမ်းအနားပြုလုပ်ဖို့က ဆုံးဖြတ်ထားပါပြီ။ ကိုယ့်ပြည်နယ်နေ့ကို နှစ်စဉ် စီစီကားကား ပြုလုပ်ရမှာဖြစ်တယ်။ ကျနော်တို့ရဲ့ ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲလုပ်တာကို တစ်ချို့သူတွေက မလိုလားကြဘူး။ တစ်ချို့ကလိုလားကြတယ်။ ကျနော်တို့ကိုယ်တိုင်မလုပ်ဘူးဆိုရင် ဘယ်သူလုပ်မှာလဲ။ နောက် ကျနော်တို့ရဲ့ ပြည်နယ်နေ့ကို သူများတွေလုပ်သွားရင် ဘယ်လိုပြန်လုပ်မှာလဲ။ ဒါတွေက စဉ်းစားစရာဘဲ။ ဒီလို အထိမ်းအမှတ်ပွဲကို အခြားလူမျိုးတွေကို ဖော်ပြဖို့က ကျနော်တို့ အယောက်စီတိုင်းမှာတာဝန်ရှိတယ်” ဟု ပြောဆိုသည်။

ကချင်ပြည်နယ်နေ့တွင် မနောပွဲတော်ဖြင့် ပြုလုပ်မည်ဖြစ်သောကြောင့် လာရောက်ပါဝင်နိုင်ရန် နိုင်ဝင်ဘာလ ၁၅ရက်နေ့ မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့သည့် နိုင်ငံတော် ဒုတိယ သမ္မတ(၂) ဦးဟင်နရီဗန်ထီးယူကို ကချင်ရိုးရာယဉ်ကျေးမှုအသင်းက ဖိတ်ခေါ်လိုက်သည်ကို တွေ့ရပါသည်။

လွန်ခဲ့သည့် (၇၁) နှစ်ပြည့် ကချင်ပြည်နယ်နေ့ မနောပွဲကိုလည်း စီတာပူမနောကွင်းတွင် ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပါဝင်ခဲ့ပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...