ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးထိန်းသိမ်းထားသော ချင်းပြည်နယ်လွှတ်တော်အမတ် ဦးဝှေ့တင်း၏ လုံခြုံရေးနှင့်နေရေးထိုင်ရေးအတွက်စိုးရိမ်ကြောင်း လူ့အခွင့်ရေးဆိုင်ရာ အာဆီယံပါလီမာန်များအဖွဲ့ (Asean Parliamentarians for Human Right) အဖွဲ့မှ သဘောထားထုတ်ပြန်လိုက်သည်။
မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့ အေအေ တို့၏ ပဋိပက္ခ ကဲ့သို့ နိင်ငံတကာသဘောမဆောင်သည့် လက်နက်ကိုင် ပဋိပက္ခတွင်ပါဝင်သူအားလုံးသည် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေအားလေးစားလိုက်နာရန်တာဝန်ရှိကြောင်း၊ယင်းဥပဒေတွင် လူသားတို့၏ အသက်ကိုခြိမ်းချောက်ခြင်း ၊ အထူးသဖြင့် စစ်ပွဲတွင်မပါဝင်သော မသက်ဆိုင်သော အရပ်သားတို့အား သတ်ဖြတ်ခြင်း ၊ နှင့် လူသားတို့၏ လွပ်လပ်ခွင့်အား အကြမ်းဖက်ခြင်းဖြင့် ဆုံးရှုံးစေခြင်းစသည်တို့ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အပြည်ပြည်ဆိုင်ရာလွပ်ငြိမ်းချမ်းသာခွင့်အဖွဲ့ နှင့် လူ့အခွင့်ရေးဆိုင်ရာ အာဆီယံပါလီမာန်များအဖွဲ့ မှ အေအေ အား အရပ်သားစစ်စစ်ဖြစ်သော ဦးဝှေ့တင်အား ချက်ချင်းလွှတ်ပေးရန် တောင်းဆိုပြီး၊ယင်းအပြင် မြန်မာအာဏာပိုင်များမှလည်း အေအေ ဖမ်းဆီးထားစဉ် သေဆုံးခဲ့သည့် အိန္ဒိယလူမျိုး၏ သေဆုံးခဲ့ရမှုအားလည်းလွပ်လပ်ပြီးဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုကို ချက်ခြင်းစတင်ဆောင်ရွက်ရန်တိုက်တွန်းချက်များပါဝင်သည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် လူ့အခွင့်ရေးဆိုင်ရာ အာဆီယံပါလီမံအမတ်များအဖွဲ့မှ အရှေ့တောင်အာရှတွင် လွှတ်တော်အမတ်များ တိုက်ခိုက်ခြင်း၊ခြိမ်းချောက်ခြင်း ၊နှောက်ယှက်ခြင်းများ များပြားလာခြင်းအပေါ် စိုးရိမ်ပူပန်လျက်ရှိကြောင်း နှင့် ဥပဒေပြုသူများအား တိုက်ခိုက်ခြင်းသည် ပြည်သူများအတွက် ကိုယ်စားပြုခွင့်ကို ထိခိုက်ပြီး ဥပဒေပြုလွှတ်တော်အတွင်း လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်သည့် ရိုက်ခက်မှုမျိုးဖြစ်စေကြောင်းများ ပါဝင်သည်။
အေအေ မှဖမ်းဆီးထားသည့် အရပ်သားဖြစ်စေ၊သုံ့ပန်းအားဖြစ်စေ လက်နက်ကိုင်အဖွဲ့အစည်းမှ ဖမ်းဆီးထားသည့် အကြောင်းအား မိသားစုများထံ အရေးပေါ်ချက်ချင်း အကြောင်းကြားပေးရန်နှင့် ထိုဖမ်းဆီးခံရသူများကို မိသားစုများနှင့် အဆက်သွယ်ပြုလုပ်ခွင့်ပေး သင့်ကြောင်း များလည်းယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အမျိုးသားလွှတ်တော် ဦးဝှေ့တင်းသည် ရက္ခိုင့်တပ်တော် (AA)မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့သော (၁၀)ဦး အနက် ၁ ဦးအပါအဝင်ဖြစ်သည်။အိန္ဒိယလူမျိုးအပါအဝင် အရပ်သား (၁၀)ဦး တို့သည် ချင်းပြည်နယ် ပလက်ဝမှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ လှေဖြင့်ခရီးသွားစဉ် ဖမ်းစီးခံရပြီး နိုင်ငံခြားသား တစ်ဦးသည် သေးဆုံးသွားပြီး ကျန်၈ဦးတို့ကို သေဆုံးသွားသူ ၏ အလောင်းနှင့်အတူ ပြန်လွှတ်ခဲ့သော်လည်း ဦးဝှေ့တင်းမှာမူ ယနေ့ချိန်ထိ ဆက်လက်ထိန်းသိမ်းခံသူဖြစ်သည်။







