ဦးဝှေ့တင်းကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အဆင့်မှ လုပ်နိုင်သည့် လုပ်ငန်း ကုန်ပြီဟု ဝန်ကြီးဆို

ဦးဝှေ့တင်းကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အဆင့်မှ လုပ်နိုင်သည့် လုပ်ငန်း ကုန်ပြီဟု ဝန်ကြီးဆို

ချင်းပြည်နယ် ပလက်ဝမြို့နယ်၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦး ဝှေ့တင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စု အဆင့်ကသာ ဖြေရှင်းနိုင်မည်ဖြစ်ပြီး ပြည်နယ်အဆင့်မှ လုပ်နိုင်သည့် လုပ်ငန်းကုန်ပြီဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ဝန်ကြီးဦးစိုးထက်က “ချင်းပြည်နယ်အစိုးရအနေနဲ့ ပြည်ထောင်စုအစိုးရကို ဖြစ်စဉ်တွေကို တင်ပြပြီးပြီ။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ NRPC ကိုလည်းတင်ပြပြီးပြီ။ နောက်ပြီးတော့ ဘာသာရေးအဖွဲ့အစည်းဖြစ်တဲ့ CBC ကိုလည်း အကူအညီတောင်းထားပြီးပြီ။ ချင်းပြည်နယ်လွှတ်တော်ကလည်း ပြည်ထောင်စုလွှတ်တော်ကိုလည်း စာပို့ထားပြီးပြီ။ လုပ်တဲ့လုပ်ငန်းတွေကလည်း အတော်ကုန်သွားပြီးပြီ” ဟု ပြောသည်။

သူကဆက်ပြီး “ဒီကိစ္စက ပြည်ထောင်စုအဆင့်ကပဲလုပ်ပေးလို့ရမယ်။ သူ့ကိုဖမ်းထားတဲ့နေရာက အေအေ လှုပ်ရှားတဲ့နေရာဖြစ်တဲ့အတွက် ဘယ်လိုမှ ကျွန်တော်တို့သွားလို့မရဘူး” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် နယ်လုံဝန်ကြီးမှလည်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းအခြေအနေမဟုတ်ကြောင်း သူကပြောသည်။

ဝန်ကြီး ဦး စိုးထက်က “နယ်လုံဝန်ကြီးကလည်း ဘယ်လိုမှမဖြေရှင်းပေးနိုင်ဘူး။ ပြည်ထောင်စုအဆင့်နဲ့မှလုပ်လို့ရမှာ။ ကျွန်တော်တို့ပြည်နယ်အဆင့်နဲ့ ဘယ်လိုမှလုပ်လို့မရဘူး” ဟု ပြောသည်။

လက်ရှိတွင် ချင်းပြည်နယ်အစိုးရမှ တင်ပြသည့် အဖမ်းခံရသူများ စာရင်းတွင် ၈၂ ဦးရှိပြီး ၆၀ ဦးမှာ ရခိုင်တိုင်းရင်းသာျမားဖြစ်ကြောင်း၊ ၆၉ ယောက်ကို လက်ရွိပြန်မလွွတ်သေးသည့် စာရင်းတွင် ထည့်ထားကြောင်း၊ လွွတ်တော်ကိုယ်စားလွယ် ဦး ဝွေ့တင်းအပါအဝင် ၁၅ ယောက်မလွတ်သေးသည့် စာရင်းတွင် ရွိနေသေးကြောင်း ဝန်ကြီးဦးစိုးထက်ကေပြာသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...