အမျိုးသားလွှတ်တော်အမတ်ကို AA ဖမ်းဆီးထားမှု ပြည်ထောင်စုလွှတ်တော် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

အမျိုးသားလွှတ်တော်အမတ်ကို AA ဖမ်းဆီးထားမှု ပြည်ထောင်စုလွှတ်တော် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းအား ရက္ခိုင့်တပ်မတော် (AA) မှ ဖမ်းဆီးထားမှုအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်းနှင့် ဦးဝှေ့တင်းနှင့်တကွ ဖမ်းဆီးထားသူများကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် တောင်းဆိုကြောင်းအရေးကြီးအဆိုကို နိုင်ဝင်ဘာ ၁၈ရက် ယနေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။

အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းအား နိုင်ဝင်ဘာလ ၃ရက်နေ့တွင် ရက္ခိုင့်တပ်မတော် (AA)မှ ဖမ်းဆီးထားမှုနှင့်ပတ်သတ်ပြီး အောင်မြေသာဇံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး တင်သွင်းခဲ့သည့် အရေးကြီးအဆိုကို ယနေ့တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ကြသည်။

ဒေါက်တာလှမိုး၏ အရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၈ဦးက ဆွေးနွေးခဲ့ကြပြီး လွှတ်တော်အမတ် ၅၇၆ယောက်ရှိသည့်အနက် ထောက်ခံမဲ ၃၆ရမဲ၊ ကန့်ကွက်မဲ ၇ မဲ၊ ကြားနေမဲ ၃မဲ၊ မဲမပေးသူ ၁၉၀ ဦး ဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။

ဒေါက်တာလှမိုးတင်သွင်းခဲ့သည့် အရေးကြီးအဆိုမှာ ဦးဝှေ့တင်းအား အေအေအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ထားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်းကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင်အကြမ်းဖက်ခြင်းဖြစ်ခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း ပါဝင်သည်။

ရက္ခိုင့်တပ်မတော် (AA)အနေဖြင့် ဦးဝှေ့တင်းနှင့်တကွ ဝန်ထမ်းများ အရပ်သားများကို ဖမ်းစီးထားခြင်းမှ လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန်လည်း ဒေါက်တာလှမိုး၏ အဆိုတွင် တောင်းဆိုထားသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အန်အယ်လ်ဒီပါတီကိုယ်စားပြု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည် ၁၄ ကြိမ်မြောက်ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး တက်ရောက်ရန် ပလက်ဝမြို့မှ ထွက်ခွာလာစဉ် အခြားကိုးဦးနှင့်အတူ AA အဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဦးဝှေ့တင်းနှင့်အတူ ဖမ်းစီးထားသည့် အန္ဒိယနိုင်ငံသားများအပါအဝင် အခြားကိုးဦးအား နိုဝင်ဘာ ၄ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဦးဝှေ့တင်းမှ ယနေ့အချိန်ထိ လွတ်မြောက်လာခြင်းမရှိဘဲ စစ်ဆေးရန်များရှိနေသေသဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း AA မှ ထုတ်ပြန်ထားသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...