ကျား၊မရေးရာဘက်လိုက်မှုမရှိသော သတင်းများ တင်ဆက်ခြင်း စာအုပ်အားအခမဲ့ ဖြန့်ဝေမည်

ကျား၊မရေးရာဘက်လိုက်မှုမရှိသော သတင်းများ တင်ဆက်ခြင်း စာအုပ်အားအခမဲ့ ဖြန့်ဝေမည်

သတင်းသမားများ သတင်းရေးသားတင်ဆက်ရာတွင် အမျိုးသား၊ အမျိုးသမီးတို့၏   မျှတသောအသံ၊ ထင်မြင်ချက်နှင့်  အလုပ်အကိုင် ကိုယ်စားပြုမှုများအပေါ် ကွာဟချက်များကြောင့် ကျား၊ မ မျှတသော သတင်းရေးသားတင်ဆက်နိုင်ရန် အတွက် လက်စွဲစာအုပ်ထုတ်ပြန်မိတ်ဆက်ြခင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က Park Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျား၊မရေးရာ ဘက်လိုက်မှုမရှိသော သတင်းများတင်ဆက်ခြင်းစာအုပ်ကို ကမ္ဘာ့ကုလသမဂ္ဂပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) နှင့်  နိုင်ငံတကာမီဒီယာကဏ္ဍဖွံ့ဖြိုးေရးအဖွဲ့(IMS) တို့၏  ပံ့ပိုးမှုဖြင့်  မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့က ထုတ်ဝေခြင်းဖြစ်သည်။

“သတင်းရေးသားရာမှကျား၊ မျှတတဲ့သတင်းဖြစ်ဖို့အတွက် ရေးသားနည်းသင်တန်းကိုပြုလုပ်ခဲ့တယ်။ ဒီသင်တန်းကနေ တစ်ဆင့်သင်တန်းသားအဖြစ်တက်ရောက်ခဲ့တဲ့ သတင်းသမားတွေအနေနဲ့ တစ်ယောက်စီ သတင်းထုတ်ကြတဲ့အခါ အပုဒ် တစ်ရာလောက်ရတယ် ။ အဲဒီထဲကနေမှ သတင်းသမားတွေကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို ထုတ်နုတ်ပြီး ဒီလက်စွဲစာအုပ်ကို စီစဉ်ဖြစ်တာပါ” ဟု မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့၏  Operation Manager ဖြစ်သူ ကိုဘရန်မိုင်က ပြောသည်။

မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့ မှ ကျား၊ မ မျှတသော သတင်းရေးသားတင်ဆက်ခြင်းလက်စွဲစာအုပ် ဖြစ်ပေါ်လာရေးအတွက် ၂၀၁၇-၂၀၁၈ ခုနှစ် နှင့် ၂၀၁၈-၂၀၁၉ ခုနှစ် အထိ နှစ်နှစ်ကြာ ပုံနှိပ်၊ ရေဒီယိုနှင့်  ရုပ်သံမီဒီယာများ၏ နေ့စဉ် သတင်းဖော်ပြမှုများအတွက်  မီဒီယာလေ့လာစောင့်ကြည့်မှုစစ်တမ်းများအပေါ် အခြေခံထားခြင်းဖြစ်သည်။

လေ့လာဆန်းစစ်မှုများအရနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်သည် အမျိုးသမီးများ ဖြစ်ကြသော်လည်း လက်ရှိသတင်းရေးသားဖော်ပြချက်များအရ အမျိုးသမီးများ၏ အသံနည်းပါးနေပြီး ပုံနှိပ်စာစောင်၊ အွန်လိုင်း၊ ရုပ်သံသတင်းနှင့် ရေဒီယိုသတင်းများတွင် အမျိုးသားများ၏ ပြောဆိုယူဆချက်များသာ များပြားနေကြောင်းအဆိုပါ လက်စွဲစာအုပ်တွင် ဖော်ပြထားသည်။

“နိုင်ငံရဲ့လူဦးရေအရဆိုရင်အမျိုးသမီးကပိုများတယ် ။ ဒါပေမယ့် သတင်းဖော်ပြမှုတွေမှာ အမျိုးသမီးတွေရဲ့ အသံနည်းပါးနေလို့ အမျိုးသား၊အမျိုးသမီးတွေရဲ့အသံကို မျှတအောင် ရေးသားဖော်ပြမှ နိုင်ငံရဲ့နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ဖြစ်ဖြစ် ဥပမာအိမ်ထောင်ရှင်အမျိုးသမီးတွေမှာ အိမ်မှုကိစ္စတွေကို အမျိုးသမီးတွေကပဲ တာဝန်ယူရမယ်ဆိုတဲ့ သမားရိုးကျအမြင်တွေကို ပိုပြီးလျှော့ချနိုင်မယ်လို့ြမင်ပါတယ်” ဟု မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့မှ အတွင်းရေးမှူး(၁)တာဝန်ယူထားသည့် မထက်ထက်ကပြောသည်။

အဆိုပါ လက်စွဲစာအုပ်ကို သတင်းသမားများနှင့် သတင်းဌာနများရယူနိုင်ရန် ရည်ရွယ်ထားပြီး အုပ်ရေ ၁၀၀၀ ကိုအခမဲ့ ဖြန့်ဝေပေးသွားမည်ဟု သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...