လိုင်ဇာကို လက်နက်ကြီးကျရောက်သည့်သတင်းမှာ မဟုတ်မှန်ဟု နှစ်ဖက်တာဝန်ရှိသူများပြော

လိုင်ဇာကို လက်နက်ကြီးကျရောက်သည့်သတင်းမှာ မဟုတ်မှန်ဟု နှစ်ဖက်တာဝန်ရှိသူများပြော

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO /KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ရှိ တောင်ကုန်းတစ်ခုအပေါ် တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း KIO နှင့် တပ်မတော်မှ တာဝန်ရှိသူများက ပြောသည်။

နိုဝင်ဘာ ၇ ရက်နေ့ ည ၁၁ နာရီခန့်တွင် လိုင်ဇာရှိ အထွေထွေအုပ်ချုပ်ရေးဌာနတည်ရှိရာ တောင်ကုန်းပေါ်သို့ လက်နက်ကြီး ကျရောက်ခဲ့ကြောင်း ကချင်သတင်းဌာနတစ်ခုမှ စတင်ဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။

“ တကယ်ဖြစ်တာက ကျွန်တော်တို့ နယ်စပ်ချောင်းမှာ သူတို့ဉမင်လိုဏ်ခေါင်းဖောက်တယ်ေလ။  သူတို့က ကျောက်ဖောက်တယ်လို့ပြောကြတယ်။ အဲ့နေ့ည ၁၁ နာရီလောက်မှာ။ အသံတူမှာပေါ့ လက်နက်ကြီးသံနဲ့ ကျောက်ဖောက်တဲ့အသံနဲ့”  ဟု KIO ဗဟိုကော်မတီဝင် ဦးဒွဲပီဆားက ပြောသည်။

အလားတူလတ်တလောတွင် ကချင်လွတ်လပ်ရေးအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသကဲ့သို့ ကချင်ပြည်နယ် အတွင်း လက်နက်ကြီး ပစ်ခတ်မှုများလည်း မရှိကြောင်း တပ်မတော်ဘက်မှပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ကချင်ဘက်မှာ ထိတွေ့တိုက်ပွဲ မရှိပါဘူးခင်ဗျ” ဟုဆိုသည်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှ တာဝန်ရှိသူ ဦးဆန်းအောင်ကလည်း ၎င်းအနေဖြင့် လိုင်ဇာကိုလက်နက်ကြီးကျသည်ကို မကြားမိဟုဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ် (၄) ဖွဲ့သည့် အပစ်ရပ်လက်မှတ် Bilateral ရေးထိုးရန် အစိုးရ၊ တပ်မတော်တို့နှင့် ဆွေးနွေးနေကြသည်။

အဆိုပါ (၄) ဖွဲ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသား ပါတီ(MNTJP/MNDAA) နှင့် ရခိုင့်တပ် AA တို့သာ တပ်မတော်နှင့် ထိတွေ့မှုရှိ နေပြီး KIA/ KIO နှင့် ထိတွေ့မှု မရှိကြောင်း သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...