ဗစ်တိုးရီးယားအမှု CCTV Hard Disk မှတ်တမ်းများ ပျက်ကုန်ပြီဟုဆို

ဗစ်တိုးရီးယားအမှု CCTV Hard Disk မှတ်တမ်းများ ပျက်ကုန်ပြီဟုဆို

ဗစ်တိုးရီးယားအမှုအတွက် CCTV မှတ်တမ်းများ သိမ်းဆည်းထားသော Hard Disk တစ်ခုပျက်သွား သဖြင့်ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဆေးရန် ရုံးတော်သို့ လျှောက်ထားခဲ့ကြောင်း စွပ်စွဲခံရသူ အောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။

အဆိုပါအမှုအတွက် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သော ၁၀ကြိမ်မြောက်ရုံးချိန်းတွင် Wisdom Hill ကျောင်း၏ CCTVတာဝန်ခံကို စစ်ဆေးမေးမြန်းမှုအပြီး၌ ပြောခဲ့ခြင်းဖြစ်သည်။

 “အဲ့ဒီ Hard Disk ထဲကနေပြီးတော့ သူ့ကင်မရာ ၃၂လုံးနဲ့ ချိတ်ထားတာ Hard Disk နှစ်ခု။ အဲ့ဒီနှစ်ခု ထဲကတစ်ခုက လုံးလုံး ဗလာ ဖြစ်နေတယ်။ အပေါက်ကြီးပဲဖြစ်နေတယ်။ အဲ့တော့ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ကပြောတာ အဲ့ထဲမှာ ဘာမှမရှိတော့ဘူးတဲ့ ပျောက်သွားပြီတဲ့။ ပျောက်သွားပြီဆိုတာ လတ် တလောကြည့်မရဘူး။ အဲ့လိုပြောတာ” ဟု ဦးခင်မောင်ဇော်ကပြောသည်။

အဆိုပါမှတ်တမ်းများကို စစ်ဆေးရန်အတွက် လျှောက်ထားခဲ့မှုကို ရုံးတော်က လက်ခံခဲ့ပြီး သင့်တော်သည့်အချိန်တွင် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ CCTV တာဝန်ခံဆိုသူသည် ကျောင်းတွင်  စာရင်းငွေကိုင်အပိုင်းကို အဓိက လုပ်ကိုင်ရပြီး အိုင်တီနည်းပညာပိုင်းကို ကျွမ်းကျင်မှု မရှိဘူးဟု တရားလွှတ်တော် ရှေ့နေဒေါ်စုဒါလီအောင်က ပြောသည်။

“ကူးတုန်းက ဒီပြဿနာ ပေါ်ပါက်ပြီးတော့ ဒီ Hard Disk ထဲက ကိုရန်နောင်ဌေး ကိုယ်တိုင် စတစ် ထိုးပြီးတော့ကူးခဲ့လို့ ဗွီဒီယိုဖိုင် ၁၁ ဖိုင်ရတယ်လို့ သူပြောတယ်။ ဒါပေမယ့် အဲ့လို ကူးပြီးတဲ့ အခါမှာ ရက်လည်းမမှတ်မိဘူးပေါ့နော်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ CID က သိမ်းသွားတယ်ပေါ့နော်။CID က သိမ်းသွားပြီးတော့ ပြန်ပေးတယ်ပေါ့နော်။ အဲ့ပြန်ပေးတဲ့ အခါမှာပါမပါ လည်းသူမသိဘူးပေါ့။ သေချာတာတစ်ခုက သူကူးခဲ့လို့ ဒီထဲမှာ ရှိခဲ့လို့သာ ရခဲ့တာပေါ့နော်။ ဒီထဲမှာ မရှိတော့တာက ဘယ်သူ့ကြောင့် မရှိတော့တာလဲ။ ဘာကြောင့် မရှိတော့တာလဲ ကျွမ်းကျင်ပညာရှင်တွေ စစ်မှ ပဲ သိမယ်ရှင့်” ၎င်းကပြောသည်။

အဆိုပါအမှုအတွက် ၁၁ကြိမ်မြောက်ရုံးချိန်းကို နိုဝင်ဘာ ၂၀ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားပြီး ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နှင့် ဆရာဝန်တို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...