(၇၂) နှစ်မြောက် ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ကို ထန်တလန်မြို့တွင် ကျင်းပမည်

(၇၂) နှစ်မြောက် ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ကို ထန်တလန်မြို့တွင် ကျင်းပမည်

By ဒိမ် – လာမည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင်ကျရောက်မည့် (၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့ပွဲတော်ကြီးကို ထန်တလန်မြို့တွင် ပြည်နယ်ဆင့်အနေဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“လာမည့်နှစ် ချင်းအမျိုးသားနေ့ကို ထန်တလန်မြို့မှာ ကျင်းပပြုလုပ်ဖို့ ကျတော်တို့ Cabinet မှာဆုံးဖြတ်ထား ပါပြီ၊ ကျင်းပမည့်နေရာက လက်ရှိ ထန်တလန် ဘော်လုံးကွင်းကို ပထမဦးစားပေး အနေနဲ့ သတ်မှတ်ပြီး ဒုတိယ ဦးစားပေးတဲ့ဟာက ယခုအားကစားခန်းမ ဆောက်လုပ်တဲ့နေရာကို သတ်မှတ်ထားပါတယ်” ဟု ဝန်ကြီး ဦးစိုးထက်က ပြောသည်။

(၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့ကို ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ကျင်းပပြုလုပ်ရန် အစောပိုင်းတွင် စီစဉ်ထားခဲ့ကြသော်လည်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် ထန်တလန်မြို့တွင်ကျင်းပရန် ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ဝန်ကြီးကဆက်ပြောသည်။

“၂၀၂၀ ဖေဖေါ်ဝါရီ (၂၀) မှာ ပလက်ဝတံတားလည်းပြီးတော့မယ်။ အဲဒီမှာ တံတားဖွင့်ပွဲနဲ့ ချင်းအမျိုးသားနေ့ တပြိုင်တည်း ကျင်းပဖို့ စီစဉ်ခဲ့တယ်၊ ဒါပေမဲ့ နိုင်ငံတော်အကြီးအကဲတွေ အဲဒီမှာ ဘယ်လိုမှ လာနိုင်မှာမဟုတ် ဘူး၊ သိရှိကြတဲ့အတိုင်း အေအေလှုပ်ရှားမှု ပိုမိုပြင်းထန်နေတဲ့အတွက် ထန်တလန်မှာ သတ်မှတ်တာဖြစ်တယ်၊ ၂၀၂၁ ခုနှစ်မှာတော့ ပလက်ဝမှာ ကျင်းပဖို့ လျာထားပါတယ်” ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ချင်းပြည်နယ် ဝန်ကြီးချူပ်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများသည် လာမည့်နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ထန်တလန်မြို့သို့သွားရောက်ကာ ချင်းအမျိူးသားနေ့ကျင်းပပြုလုပ်မည့် နေရာများကို လေ့လာကြည့်ရှုပြီး တည်နေရာကို အတည်ပြုသတ်မှတ်ကြမည်ဟု သိရသည်။

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...