DKBA တပ်ရင်းမှူး လုပ်ကြံခံရမှု တရားခံကို စုံစမ်းနေဆဲဟုဆို

DKBA တပ်ရင်းမှူး လုပ်ကြံခံရမှု တရားခံကို စုံစမ်းနေဆဲဟုဆို
Soldiers of the Democratic Karen Benevolent Army (DKBA) attend the 70th anniversary of Karen National Revolution Day 31 January 2019. photo - EPA
Soldiers of the Democratic Karen Benevolent Army (DKBA) attend the 70th anniversary of Karen National Revolution Day 31 January 2019. photo - EPA

မိုကရေစီအကျိုးပြုကရင့်တပ် (DKBA) မှတပ်ရင်းမှူးအဆင့်ရှိ ဒုတိယဗိုလ်မှူးကြီး စောဝေ့ထူး လုပ်ကြံ ခံခဲ့ရသည်မှာ တစ်လနီးပါးရှိသော်လည်း တရားခံကို ဖမ်းမိခြင်းမရှိသေးဘဲ စုံစမ်းနေဆဲသာ ဖြစ်သည် ဟု ကော့ဂရိတ်ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးကြီး စောကျော်သန်းထူးက မဇ္ဈိမသို့ ပြောသည်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ် (DKBA) တပ်ရင်း ၉၀၉ မှ အသက် ၄၉ နှစ်အရွယ် ဒု-ဗိုလ်မှူးကြီး စောဝေ့ထူးသည် အောက်တိုဘာလ ပထမအပတ်တွင် ၎င်း၏နေအိမ်၌ သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

“စုံစမ်းတုန်းပဲရှိသေးတယ်။ စုံစမ်းတာတော့ ပူးပေါင်းလုပ်ဆောင်တာတော့ အစိုးရဘက်ရော သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းေတွရော လက်နက်ကိုင်အဖွဲ့အစည်းတွေရော အားလုံး ပူးပေါင်းပြီးလုပ်တာ” ဟု ဗိုလ်မှူးကြီး စောကျော်သန်းထူးဆိုသည်။

ဒုတိယဗိုလ်မှူးကြီး စောဝေ့ထူးသည် ကော့ကရိတ်မြို့ပေါ်ရှိ ၎င်း၏ နေအိမ်ဧည့်ခန်းတွင်ထိုင်နေစဉ် လူတစ်ယောက်မှ သေနတ်ဖြင့် ခြောက်ချက်ခန့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ကော့ကရိတ် ဆေးရုံကို ပို့ဆောင်စဉ်သေဆုံးခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ သေနတ်ပစ်ခတ်မှုနှင့်ပတ်သက်၍ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးအောင်မြတ်မိုးထံ မဇ္ဈိမမှ ဆက်သွယ်သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။

အဆိုပါလုပ်ကြံမှုမှာ လူမှုရေးအရမကျေနပ်၍လုပ်ကြံခြင်းဖြစ်သည်ဟု ပြောဆိုချက်များနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး စောကျော်သန်းထူးက “ပုဂ္ဂိုလ်ရေးလား၊ လူမှုရေးလား အကျိုးစီးပွားရေးလား၊ အဖွဲ့အစည်း အရေးလား အဲ့တာတွေကတော့ သေချာတော့မှပြောလို့ရမှာဖြစ်ပါတယ်” ဟု ဖြေဆိုသည်။

DKBA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောစတီးက သေနတ်သမားအား မရ၊ ရအောင် စုံစမ်းဖော်ထုတ်သွားမည်ဟု မီဒီယာ များသို့ဖြေကြားထားသည်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ် (DKBA)သည် ၂၀၁၅ ခုနှစ်အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ရေးထိုးထားသော အဖွဲ့လည်းဖြစ်သည်။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...