NCA မှ နုတ်ထွက်လိုက နုတ်ထွက်နိုင်ကြောင်း တပ်မတော်ပြောဟု RCSS ထုတ်ပြန်

NCA မှ နုတ်ထွက်လိုက နုတ်ထွက်နိုင်ကြောင်း တပ်မတော်ပြောဟု RCSS ထုတ်ပြန်
RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက် ထိုင်းနိုင်ငံမှာ သတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ်။ photo - Tai Freedom(fb)
RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက် ထိုင်းနိုင်ငံမှာ သတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ်။ photo - Tai Freedom(fb)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) မှ နုတ်ထွက်သွားလိုက နုတ်ထွက် သွားနိုင် ကြောင်း တပ်မတော်မှ ပြောကြားခဲ့သည့်ဟု သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)က ထုတ်ပြန် ပြောခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်ချက် တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က NCA ရေးထိုးထားသည့်အဖွဲ့များမှ နုတ်ထွက်သွားလိုက နုတ်ထွက် သွားနိုင်သည်ဟု  NCA-S EAO ညှိနှိုင်းရေးအဖွဲ့ဝင် တချို့အား ပြောခဲ့ကြောင်း ဖော်ပြထားသည်။

RCSS က “နောက်ဆုံးအဆိုးရွားဆုံး အခြေအနေမှာ လာမည့် NCA လက်မှတ်ရေးထိုးခြင်း (၄) နှစ်ပြည့် အထိမ်း အမှတ် အခမ်းအနား ကျင်းပရေးအတွက် နေပြည်တော်၌ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲ၌ တွေ့ဆုံဆွေးနွေးပွဲ၏ ပြင်ပတွင် တွေ့ဆုံ ဆွေးနွေးကြစဉ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်မှ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင် များမှ နုတ်ထွက်သွားလိုက နုတ်ထွက်သွားနိုင်ကြောင်း NCA-S EAO ၏ ညှိနှိုင်းရေးအဖွဲ့ဝင်များ တချို့အား ပြောကြား ခဲ့ကြောင်း သိရှိရသည်”ဟု အောက်တိုဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RCSS ဘက်သို့ဆက်သွယ်မေးမြန်းရာ “ ကျွန်တော် သိရသလောက်တော့ ၂၅ ရက်နေ့ပေါ့လေ၊ မနက်ပိုင်း အစည်းအဝေး လုပ်ပြီး ပြင်ပ လက်ဖက် ရည်သောက်တဲ့အချိန်ပြောတာလို့ သိရတယ်” ဟု RCSS/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက မဇ္စျိမကို ပြောသည်။

ထို့နောက် ဗိုလ်ချုပ် ထွန်းထွန်းညီက မိမိအနေဖြင့် ဆွေးနွေးပွဲတွင် မပါဝင်သည့်အတွက် ဆွေးနွေး၌ ပါဝင် ပတ် သက်သူများကိုသာ မေးရန်နှင့် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နေပြည်တော် ခရီးစဉ်နှင့်ပတ်သက်ပြီးလည်း အကြီးအမား မဖြစ်စေလိုကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို မြန်မြန် ဆန်ဆန်လုပ်စေလို ကြောင်း ပြောသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက “ ကျွန်တော်တို့ သေသေ ချာချာ မသိဘူးခင်ဗျ” ဟု မဇ္စျိမသို့ ပြောသည်။

အဆိုပါ အခြေအနေများ နှင့် ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ NCA-S EAO အဖွဲ့ဝင် တချို့အား မေးမြန်းရာ တပ်မတော်အနေဖြင့် အောက်တိုဘာ ၂၅ ရက်နေ့ ဆွေးနွေးပွဲတွင် အချက်တစ်ချက်ကို အသစ် ထပ်တိုး တင်ပြခဲ့ကြောင်း မဇ္စျိမသို့ ပြောသည်။

အစည်းအဝေးတက်ရောက်ခဲ့သည့် ချင်းအမျိုးသားတပ်ဦး (CNF)  ဒုဉက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာ ခေါင်းက “ ကျွန်တော်အဲ့တာကို လူမှုကွန်ယက်တွေမှာ တွေ့တယ်။ ဆိုတော့ ကျွန်တော်က အဲ့လို နားမလည် ဘူး။ သူတို့ အနေနဲ့ တင်ပြထားတာက အစိုးရဘက်က အဆိုပြုချက်ကတော့ JICM ကို သုံးကြိမ်ဆက်တိုက် မတက်ရောက် ပါက NCA မှ နုတ်ထွက်ပြီးသားဟု မှတ်ယူရမယ်ဆိုတဲ့ အဆိုပြုချက် ဖြစ်ပါတယ်။ အဲ့လို အသား လွတ်ကြီး ပြောတာတော့ မဟုတ်ဘူး” ဟု ပြောသည်။

NCA အကောင်အထည် ဖော်မှုဆိုင်ရာညှိနှိုင်း အစည်းအဝေး(JICM)သည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်း သား လက်နက်ကိုင်များအကြား NCA စာချုပ်အရ ပြုလုပ်သည့် အမြင့်ဆုံး အစည်းအဝေးဖြစ်သည့်အတွက် တပ်မတော်ဘက်မှ အဆိုပြုခြင်းဟုလည်း ၎င်းကပြောသည်။

JICM အစည်းအဝေးသည် အစိုးရဘက်မှ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ပြီး တပ်မတော်ဘက်က  ဒုတိယကာကွယ် ရေးဦးစီးချုပ် တက်ရောက်သလို တိုင်းရင်းသား လက်နက်ကိုင်များ ဘက်မှမူ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ကြသည့် အစည်းအဝေး တစ်ရပ် ဖြစ်သည်။

အောက်တိုဘာ ၃၀ ရက်က ကျင်းပရန် စီစဉ်ထားသော JICM အစည်းအဝေးမှာမူ အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့သော NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ယာယီ အဖွဲ့ခေါင်းဆောင် RCSS ၏ ဉက္ကဋ္ဌ ဗိုလ်ချူပ်ကြီး ယွက်စစ်မတက်ရောက်နိုင် ခြင်းကြောင့် အစည်းအဝေးလည်း ဖျက်သိမ်းခဲ့ရသည်။

လက်ရှိ NCA ထိုးထားသည့် အဖွဲ့များကတော့ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA) ၊ ကရင် အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်ေြမာက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ဖြစ်ကြသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...