မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကူးတံတားအသစ် ထပ်မံတည်ဆောက်ရန် စီစဉ်နေ

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကူးတံတားအသစ် ထပ်မံတည်ဆောက်ရန် စီစဉ်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကူး တံတားအမှတ် (၂) ကို အသစ်တည်ဆောက်နိုင်ရန် စီမံချက် ရေးဆွဲနေပြီဖြစ်ကြောင်း ပြည်နယ် လမ်းတံတားဦးစီးဌာန တံတားဆောက်လုပ်ရေးအဖွဲ့ (၁) မှ သိရပါသည်။

၂၀၁၉-၂၀၂၀ အတွင်း မြစ်ချောင်းတိုင်းတာခြင်း ၊ လမ်းဦးကြောင်းရှာခြင်း ၊ တံတား ဦးကြောင်းရှာခြင်း နှင့် မြေစမ်းသပ်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ပြီးနောက် သတ်မှတ်ထားသည့် ဘတ်ဂျတ်နှစ်အတွင်း တံတားပုံစံထုတ်ခြင်းကို အပြီးသတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ (ဗလမင်းထင်တံတား) ခံနိုင်ဝန်အားနည်းနေပြီးတော့ ကျနော်တို့ ၃၅ တန်ထိပဲ ခွင့်ပြုထားတယ်။ အခုလက်ရှိ လားရှိုး-ဗန်းမော်- မြစ်ကြီးနား လမ်းအပိုင်းမှာ ဆိုရင် ကျနော်တို့ နှစ်စဉ် နှစ်အမျှ တန်ဖိုးတွေ မြင့်တတ်လာပြီးတော့ အများဆုံးဖြတ်သန်းတဲ့အချိန်မှာဆို အေဒီတန် ဖိုးက ၄၀၀၀ နဲ့ ၅၀၀၀ ကြားမှာ ရှိနေပါတယ်။ နောက် ဒီလမ်းကြီး ဟာလည်း ပြည်နယ်အစိုးရအနေနဲ့ ၄ လမ်းသွား ချဲ့ထွင်ဆောင်ရွက်ဖို့အတွက်လည်း စီစဉ်ရေးဆွဲ ထားဒါတွေရှိပါတယ်။” ဟု ကချင်ပြည်နယ် တံတားဦးစီးဌာန တံတားဆောက်လုပ်ရေး အဖွဲ့ (၁) မှ ဒုတိယညွန်ကြားရေးမှူး ဦးစောဇာနည်လှ ကပြောသည်။

ခံနိုင်ဝန်တန် ၆၀ ကားများဖြတ်သန်းနိုင်ရေးအတွက် ပြည်ထောင်စုငွေလုံး ငွေရင်းရံပုံငွေ မှ ကျခံပြီး ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း အကောင်ထည်ဖော်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

“ဗလမင်းထင်တံတားကို ကျနော်တို့ ပြီးခဲ့တဲ့နှစ်က ရေတိုက်စားမှုအများဆုံး ဖြစ်ခဲ့တဲ့အချိန်မှာလည်း စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခဲ့တဲ့အချိန်မှာလည်း ယနေ့အထိ ထူးခြားပြောင်းလဲဒါတွေလည်း မရှိပါဘူး တံတားက မူလအနေအထားအတိုင်းပဲ တည်ငြိမ်မှုရှိုပါတယ်။ လက်ရှိ ဒီတံတားက စိတ်ချလက်ချအသုံးပြုနိုင်သေးတဲ့ အနေအထားရှိပါတယ်။” ဟု ၎င်းက ဆိုသည်။

ယခု အသစ်တည်ဆောက်မည့် တံတားကြီး စီမံကိန်းအကောင်ထည်ဖော်နိုင်လျှင် ဒေသ ဖွံ့ဖြိုးမှုများကို အထောက်အကူပြုစေပြီး ကုန်စည်စီးဆင်းမှုကို အထောက်အကူပြုနိုင်ရန် မျှော်မှန်းထားကြောင်း ပြောပါသည်။

ယခုလက်ရှိ တည်ရှိနေသည့် ဗလမင်းထင်တံတား အမှတ် (၁) သည် ၁၉၉၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး တံတား သက်တမ်းမှာ ၂၁ နှစ် ခန့် ရှိပြီဖြစ်ကြောင်း သိရပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...