စည်ပင် ဝန်ထမ်းနှင့် စက်ယန္တရားမလုံလောက်မှုကြောင့် အမှိုက် မသိမ်းဆည်းနိုင်

စည်ပင် ဝန်ထမ်းနှင့် စက်ယန္တရားမလုံလောက်မှုကြောင့် အမှိုက် မသိမ်းဆည်းနိုင်

ကချင်ပြည်နယ် မြို့ကြီးများအတွင်း ရပ်ကွက်အလိုက် အမှိုက်များလိုက်လံ သိမ်းဆည်းရန် ဝန်ထမ်း နှင့် စက်ယန္တရား မလုံလောက်မှုကြောင့် အခက်အခဲရှိနေကြောင်း ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီက ပြောဆိုခဲ့သည်။

“မြစ်ကြီးနားမြို့မှာ ရပ်ကွက် ၂၈ ခု ရှိတယ်။ စည်ပင်ကားက ၁၆ စီးပဲရှိတယ်။ အဲဒီမှာ နည်းနည်း အားနည်း နေသေးတယ်။”ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၂၂ ရက်နေ့တွင် ပြုလုပ်သော ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ရပ်ကွက်အချို့တွင် အမှိုက်မီးရှို့မှုများ လုပ်ဆောင်နေပြီး၊ အချို့ရပ်ကွက်များသည် အမှိုက်များကို စုပုံကာ အမှိုက်ပုံရှိရာသို့ သွားရောက်ပစ်လေ့ရှိကြောင်း သိရပါသည်။

“အဒေါ်တို့ အိမ်က အမှိုက်တွေကိုတော့ ဧရာရုပ်ရှင်ရုံ အရှေ့က အမှိုက်ပုံမှာ သွားသွား ပစ်တယ်။ တစ်ခါတစ်လေ သုံးဘီးငှားပြီး ပစ်ခိုင်းလိုက်တယ်။ ၃၀၀၀ လောက်တော့ပေးရတယ်လေ။ အဒေါ်တို့လည်း လူကိုယ်တိုင်မပစ်နိုင်ဘူး ခဏ ခဏတော့ဝေးတယ်လေ။ ဖြစ်နိုင်ရင် ရပ်ကွက်မှာ စုပြီး ကောက်ပေးစေချင်တယ်။ ” ဟု ဒူကထောက်ရပ်ကွက်တွင်နေထိုင်သည့် ဒေါ် ဘောက်ပန်က ပြောပါသည်။

မြို့နယ်စည်ပင်သာယာအဖွဲ့က မြို့တွင်း ရပ်ကွက်အချို့တွင်သာ အမှိုက်များကို ကားဖြင့် လိုက်လံသိမ်းဆည်းနေပြီး၊ စည်ပင်ဝင်ရောက်မှုမရှိသော ရပ်ကွက်အချို့သည် ဧရာဝတီမြစ်ကမ်းနဘေးသို့ အမှိုက်ပစ်နေကြသည်ကို တွေ့နေရပါသည်။

စည်ပင်သာယာရေး ဌာနအနေဖြင့် ရပ်ကွက် နှင့် ကျောင်းများသို့ ၁ လလျှင် အနည်းဆုံး ၂ ကြိမ်မျှ ပြည်သူလူထုများအား အသိပညာပေးဟောပြောပွဲပြုလုပ်ရန် စီစဉ်ထားကြောင်း ဆိုပါသည်။

May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...