ဂျပန်ဘုရင်အသစ်၏ နန်းတက်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

ဂျပန်ဘုရင်အသစ်၏ နန်းတက်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ဂျပန်အစိုးရ၏ ဖိတ်ကြားချက်အရ ဂျပန်ဘုရင်အသစ် နာရူဟီတို ၏ ထီးနန်းတက်ပွဲအခမ်းအနားသို့ တက်ရောက်ရန် မကြာမီကာလအတွင်း ဂျပန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံရုံးမှ သိရသည်။အဆိုပါနန်းတက်ပွဲကို အောက်တိုဘာ ၂၁ရက်တွင်ကျင်းပမည်ဖြစ်ပြီးဒေါ် အောင်ဆန်းစုကြည်အနေဖြင့် ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ေတွ့ဆုံရန်ရှိနေကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး Ichiro Maruyama နှင့် မဇ္ဈိမ ရုပ်သံမှသီးသန့်တွေ့ဆုံမေးမြန်းခန်းအစီအစဉ်မှာ ပြောကြားထားပါတယ်။ ဂျပန်ဧကရာဇ် နာရူဟီတို၏ နန်းတက်ပွဲသို့ မြန်မာနိုင်ငံမှနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗြိတိန်နိုင်ငံမှ ချားလ်မင်းသား၊ ဘယ်လ်ဂျီယံဘုရင်နှင့်မိဖုရား၊ ဘူတန်ဘုရင်နှင့်မိဖုရား၊ ဒိန်းမတ်နိုင်ငံဥသျှောင်မင်းသား၊ နယ်သာလန်ဘုရင်၊ နော်ဝေနိုင်ငံ ဥသျှောင်မင်းသား၊ စပိန်ဘုရင်နှင့်မိဖုရား၊ ဆွီဒင်ဘုရင်နှင့် မိဖုရား စသည့် နိုင်ငံတကာ အကြီးအကဲများအပါအဝင်ကမ္ဘာ့နိုင်ငံများ၊ကမ္ဘာ အဖွဲ့အစည်းများ ဧည့်သည်များ တက်ရောက်မည်ဖြစ်ကြောင်း ဂျပန်သတင်းဌာနတချို့ကဖော်ပြထားသည်။ ဂျပန်နိုင်ငံတွင် ၁၉၂၆မှ ၂၀၁၉ အထိဘုရင်မင်းဆက်နှစ်ဆက်ပြောင်းလဲခဲ့ပြီး အသက် ၅၉ နှစ်ရှိ ဂျပန် ဘုရင် နာရူဟီတို ၏ နန်းတက်ပွဲကို အောက်တိုဘာ၂၂ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ထားကြောင်း သိရသည်။

May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...