ကချင်ပြည်နယ်တွင် မြန်မာစစ်တပ် နှင့် KIA တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာ

ကချင်ပြည်နယ်တွင် မြန်မာစစ်တပ် နှင့် KIA တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာ

မြန်မာစစ်တပ်၏ တဖက်သတ် ထိုးစစ်ရပ်ထားခြင်း (၉)လတာ ကာလ ကုန်ဆုံးခဲ့ပြီးနောက် ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်တိုက်ပွဲ ယခုအပတ်မှ စတင်ဖြစ်ပွားလာပါသည်။

KIA တပ်မဟာ (၈) လက်အောက် တပ်ရင်း (၅)နယ်မြေ၊ အင်းတော်ကြီးအိုင်၏ တောင်ဘက် ခေါင်မြေကျေးရွာအနီး အောက်တိုဘာ (၁၄)၊ တနင်္လာနေ့ နံနက်ပိုင်းက တပ်မတော်စစ်ကြောင်း နှင့် KIA တပ်ရင်း (၅) တပ်ဖွဲ့ကြား အချိန်တို ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ဆိုပါသည်။

“မြန်မာအစိုးရတပ် တပ်မ (၁၀၁) နဲ့ ခလရ (၁၄၁) စုပေါင်းစစ်ကြောင်းနဲ့ ခေါင်မြေကျေးရွာအနီး ကိုးအိမ်စုစခန်း နားမှာ မနက် ၉ နာရီခန့်မှ ထိတွေ့တိုက်ပွဲဖြစ်ပွားတာပါ။ တခြားနေရာမှ တပ်မတော် စစ်ကူတွေ ရောက်လာတာကြောင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်တဲ့ အနေထား ရှိပါတယ်” ဟု လိုင်ဇာဌာနချုပ်မှ အမည်မဖော်လိုသူ KIA အရာရှိ တစ်ဦး ကချင်သတင်းဌာန (KNG)ကို ပြောပါသည်။

အဆိုပါဒေသတွင် ရွှေမှော်များရှိပြီး အခြားအဖိုးတန် ကျွန်းသစ် နှင့် တာမလန်း သစ်ထုတ်လုပ်ငန်းများလည်းရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်မှစပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တပ်မတော်မှ တဖက်သတ် ထိုးစစ်ရပ်ထားခြင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ (၂၁)ရက်တွင် ကုန်ဆုံးသွားခဲ့သည်။ ထို့ကြောင့် နှစ်ဖက်ကြား တိုက်ပွဲများအချိန်မရွေး ဖြစ်ပွားနိုင်သော အနေအထားဖြစ်နေကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ Peace-talk Creation Group (PCG)မှ Duwa Lamai Gum Ja (ဒူဝါ လမိုင်ဂွမ်ဂျာ) ပြောပါသည်။

သို့သော်လည်း ယခု မိုးညှင်းခရိုင် တိုက်ပွဲကြောင့် မြန်မာအစိုး၊ တပ်မတော်နှင့် နှစ်ဖက် အပစ်ရပ် ညှိနှိုင်းနေခြင်းပေါ် ထိခိုက်မှာမဟုတ်ကြောင်း လိုင်ဇာ ဗဟိုဌာနချုပ်မှ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပြန်ကြားရေးဌာန တာဝန်ရှိသူ ဗိုလ်မှူးကြီး Nhpang Naw Bu (အင်ဖန် နော်ဘူ) က ကချင်သတင်းဌာ KNG ကို ယခုလိုပြောပါသည်။

“တပ်မတော်ဖက်က တက်မလာရင် ကျနော်တို့ မတိုက်ဖို့ ညွှန်ကြားထားတာလည်း ရှိနေဆဲပါ သူတို့ဖက်က ထိုးစစ်ရပ်ခြင်း ထပ် မကြေညာပေမယ့်လေး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က တွေ့ဆုံဆွေးနွေး အဖြေရှာရေးကိုပဲ ဆက်လက်ကြိုးပမ်းသွားဖို့ လမ်းစဉ်ရှိလို့ပါ” ဟု သူက ဆိုသည်။

KIO ဘက်က bilateral အပစ်ရပ် လက်မှတ်ထိုးရန် အဆင်သင့်အနေထားဖြစ်နေသော်လည်း အခြားတဖက် နိုင်ငံတော်အစိုးရ နှင့် တပ်မတော် ကြား မူပိုင်းဆိုင်ရာ မတူညီ ကွာပြား နေဆဲဖြစ်သောကြောင့် အချိန်ကြံ့ကြာနေရကြောင်း KIO အရာရှိများ ဆိုပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...