စစ်တပ်၏ အရန်အင်အားဖြစ်ခြင်းကြောင့် မီးသတ်များကို ဖမ်းခြင်းဖြစ်ကြောင်း AA ဆို

စစ်တပ်၏ အရန်အင်အားဖြစ်ခြင်းကြောင့် မီးသတ်များကို ဖမ်းခြင်းဖြစ်ကြောင်း AA ဆို

မီးသတ်တပ်ဖွဲ့ဝင်များသည် တပ်မတော်၏ အရန်အင်အားဖြစ်နေခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းရခြင်း ဖြစ်သည်ဟု ရက္ခိုင့်တပ်(AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

“မီးသတ်ဆိုတာ စစ်တပ်ရဲ့အရန်အင်အားတွေထဲကတစ်ခုဖြစ်တယ်။ စစ်ဆင်ရေးနယ်မြေထဲမှာ မသင်္ကာစရာ လှုပ်ရှားသွားလာမှုတွေတွေ့ရင်တော့ လုံခြုံရေးအရ ထိန်းသိမ်းစစ်ဆေးတာတွေတော့ ရှိနိုင်ပါတယ်” ဟု ခိုင်သုခ က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့က မန္တလေးမှ စစ်တွေသို့သွားသည့် ရွှေပြည်သစ်ခရီးသည် တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်သားခရီးသည်များကို ရက္ခိုင့်တပ် AA မှ မြောက်ဦးမြို့နယ်အနီးတွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။

ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အခြေခံမီးသတ်သင်တန်းဆင်းလာသည့် သင်တန်းသား ၁၈ ဦး ၊ အရပ်သား ၁၂ ဦး ၊ မီးသတ် ဒုဦးစီးမှူး ၁ ဦး ၊ စုစုပေါင်း ၃၁ ဦး ကို ဖမ်းဆီးခေါ်ဆောင် သွားခြင်းလည်း ဖြစ်သည်။

“သိပ်မကြာခင်ရက်ပိုင်းကပဲ စစ်တပ်၊ရဲ၊ မီးသတ်၊ အကျဉ်းဦးစီးစတာတွေပါဝင်ပြီး ကျွန်တော်တို့ကို အနှောင့်အယှက်ပေးဖို့အတွက်အစည်အဝေးလုပ်ကြတာတွေရှိတယ်” ဟု ခိုင်သုခက ဆိုသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခံရသည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင် ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်၌ မွမ်းမံသင်တန်းတက်ပြီး မြောက်ဦးမြို့သို့ ပြန်လာသူများလည်း ဖြစ်သည်။

ယင်းဖြစ်စဉ်အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။

လက်ရှိအချိန်တွင်အောက်တိုဘာလ ၁၅ရက်နေ့အထိ ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာမှု မရှိသေးပါ။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...