လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်း လူငယ်များအား ဟောပြောပွဲ ပြုလုပ်

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်း လူငယ်များအား ဟောပြောပွဲ ပြုလုပ်

လူငယ်နှင့် နိုင်ငံရေး အသိပညာပေး ဟောပြောပွဲအစီအစဉ်ကို ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP လူငယ် ဌာန ဦးစီးပြီး အောက်တိုဘာလ ၁၁ ရက်နေ့ မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

လူငယ်များအနေဖြင့် လွပ်လပ်စွာပြောဆိုခွင့်နှင့် ဥပဒေအရ မိမိကိုယ်ကို ကာကွယ်နိုင်မှုရစေရန် အသိပညာပေးသည့်အနေဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု KSPP လူငယ်ဌာန ခေါင်းဆောင် ကို ဂျန်ခုန် က ပြောပါသည်။

“လူငယ်တွေ နိုင်ငံရေးဘက်မှာ ပိုပြီး ရင့်ကျက်လာအောင် မြို့ပြနိုင်ငံရေးဆိုတာကို လုပ်လာတဲ့အချိန်မှာ လူငယ်တွေ နိုင်ငံရေးဘက်ကို ပိုပြီး သိနေမှ ရင့်ကျက်နေမှ ကျနော်တို့ အောင်မြင်နိုင်မယ်။ ဒါကြောင့်လူငယ်တွေအတွက် ဒီပွဲကို ဖြစ်လာတာ။” ဟု ပြောဆိုသည်။

ဟောပြောခဲ့သည့် အကြောင်းအရာများမှာ လူငယ်နှင့် ဘာသာရေးလွပ်လပ်ခွင့် ၊ လူငယ်နှင့် နိုင်ငံရေး ၊ လူငယ်နှင့် ဖယ်ဒရယ်လစ်ဇင် ၊ လူငယ်နှင့် လွပ်လပ်စွာပြောဆိုခွင့် ဖြစ်ပြီး သိက္ခာတော်ရဆရာ Rev.Dr. Hkalam Samson ၊ လူငယ်အရေး လုပ်ရှားသူ Seng Nu Pan ၊ Lum Zawng နှင့် Jaw San Naw တို့ ၄ ဦးက ဟောပြောခဲ့ပါသည်။

“လွပ်လပ်စွာထုပ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ တစ်ကယ်ကို ကချင်ပြည်နယ်မှာ ဥပဒေကန့်သတ်ချက်တွေ အများကြီး ရှိနေတယ်။ NLD အစိုးရကလည်း ဒီမိုကရေစီနိုင်ငံဆိုပြီး ကြွေးကြော်နေတာတွေ ရှိတယ်။ ကျမတို့အနေနဲ့လည်း ပြောဖို့အချိန်ရောက်ပြီမို့လို့ ဒီနေ့ပြောပြတာ။ လူငယ်တွေအနေနဲ့ မှန်လား မှားလားဆိုဒါကို ရဲရဲဝံ့ဝံ့ ပြောနိုင်ဖို့ နဲ့ ဥပဒေအရ အကာအကွယ်ရအောင် လူငယ်တွေကို ပြောပြခြင်းလည်းဖြစ်တယ်။” ဟု လူငယ်အရေး လုပ်ရှားသူ မ Sng Nu Pan ပြောဆိုထားပါသည်။

Kachin State People’s Party KSPP လူငယ်ဌာန ဦးစီးပြုလုပ်သည့် ယခုဟောပြောပွဲတွင် မြစ်ကြီးနားမြို့အနီးတစ်ဝိုက် လူငယ် ၈၀၀ ခန့် ပါဝင်ခဲ့သည်ကို တွေ့ရပါသည်။

KSPP ပါတီကို ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KSDP) ၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)နဲ့ စည်းလုံးညီညွှတ်ရေးနဲ့ ဒီမိုကရေစီပါတီ(UDPKS)တို့က ပူးပေါင်းဖွဲ့စည်းထားခဲ့ခြင်းဖြစ်ပြီး၊ ပါတီတည်ထောင်ခွင့်မှတ်ပုံတင်ကို ၂၀၁၉ ဇွန်လအတွင်းမှာ ရရှိခဲ့ပါသည်။

ထို့နောက် ကချင်လူငယ်များ ဆုံဆည်းရာ စုရပ်တစ်ခုအဖြစ် KSPP ပါတီက လူငယ်ဌာနဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...