ဘူးသီးတောင်မြို့နယ်ရှိ ဆောက်လက်စ NLD ရုံးအနီး ဗုံးတစ်လုံး ပေါက်ကွဲ

ဘူးသီးတောင်မြို့နယ်ရှိ ဆောက်လက်စ NLD ရုံးအနီး ဗုံးတစ်လုံး ပေါက်ကွဲ

ဘူးသီးတောင်မြို့နယ်၊ ပန်းဇင်းချောင်းတံတားအနီးရှိ ဆောက်လက်စ NLD ရုံးအနီးတွင် အောက်တိုဘာ ၁၀ ရက်နေ့ နံနက်နက်ပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မဇ္ဈိမသို့အတည်ပြုပြောသည်။

“ဟုတ်တယ်၊ ဗုံးတစ်လုံးပေါက်တယ် ဘာမှမဖြစ်ဘူး။ NLD ရုံးနားမှာမှန်တယ်။ မြေကြီးထဲမှာ ထောင်ထားတာ ကွဲတဲ့အခါတော့ ကွဲသွားတာပေါ့။ ထောင်တာကတော့ AA ထောင်တာပေါ့ဗျာ” ဟု ၎င်းကဆိုသည်။

အဆိုပါပေါက်ကွဲမှုသည် အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင်ဖြစ်ပွားခဲ့ပြီး လူအထိအခိုက် မရှိကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦး ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ NLD ပါတီဝင်လွှတ်တော် အမတ်တချို့နှင့် ဘူးသီးတောင်မြို့မရဲစခန်းသို့ဆက်သွယ်ခဲ့သော်လည်း သေချာမသိရသေးကြောင်းသာ ဖြေဆိုခဲ့ကြသည်။

အဆိုပါဗုံးမှာ ရခိုင့်တပ်(AA) မှထောင်ထားသည့်ဗုံးဖြစ်ကြောင်း တပ်မတော်မှပြောဆိုထားသောကြောင့် AA အဖွဲ့ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခသို့ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် မသိရသေးကြောင်း ဆိုသည်။

“အဲ့ဒီကိစ္စတော့ ကျွန်တော်တော့ မကြားသေးဘူးဗျ။ ကျွန်တော်မသိရသေးဘူး ” ဟုဆိုသည်။

သို့သော်လည်း အဆိုပါအနီးတစ်ဝိုက်တွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမျိုးမရှိဟုလည်း ဦးခိုင်သုခ ကပြောသည်။

အဆိုပါဒေသတွင် အောက်တိုဘာခ ပထမပတ် တစ်ပတ်လုံးနီးပါး တိုက်ပွဲများဆက်တိုက်ဖြစ်ပွားေနပြီး ရသေ့ တောင် မြို့ရှိ ကျောက်တန်းရွာအနီး၊ ကျောက်တော်မြို့နယ်ရှိ ရွာအချို့အနီးတစ်ဝိုက်နှင့် ပလက်ဝမြို့နယ် ထဲတို့တွင်ဖြစ်ပွားခဲ့ခြင်းဟုလည်း သိရသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...