ပမ္မတီးစစ်ရှောင်းစခန်းတွင် ကူညီထောက်ပံ့မှုများ လိုအပ်နေဆဲ

ပမ္မတီးစစ်ရှောင်းစခန်းတွင် ကူညီထောက်ပံ့မှုများ လိုအပ်နေဆဲ
ပမ္မတီးစစ်ရှောင်စခန်း
ပမ္မတီးစစ်ရှောင်စခန်း

မြစ်ကြီးနားမြို့ရှိ အခြားစစ်ရှောင်စခန်းများ ကဲ့သို့ ကူညီထောက်ပံ့မှုမရရှိသော ပမ္မတီးနယ်မြေ ၅ ရှိ စစ်ရှောင်ပြည်သူများသည် စားနပ်ရိက္ခာနှင့်အတူ ကလေးများ၏ ကျန်းမာရေး နှင့် ပညာရေးထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။

“ဒီ Camp ကို တရားဝင်အသိမှတ်မပြုတဲ့ သဘောသက်ရောက်တဲ့ အတွက်ကြောင့် တစ်ချို့အဖွဲ့အစည်းတွေက ထောက်ပံ့မှုတွေ ခက်ခဲတယ်တဲ့လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကရော လိုအပ်တဲ့ဟာတွေကို တင်ပြတယ်။ အဲဒါကို ကျနော်တို့ လူမှုရေးဝန်ကြီး ကိုယ်တိုင်လည်း ဘာဖြစ်လို့ ကြန့်ကြာလဲရသလဲဆိုတာမေးတယ်။” ဟု ပမ္မတီးစစ်ရှောင်တာဝန်ခံ ဦးဒွဲအောင် ဆိုသည်။

လက်ရှိ အိမ်ထောင်စု ၃၀ ရှိပြီး အမျိုးသား ၈၈ ဦး နှင့် အမျိုးသမီး ၆၈ ဦး စုစုပေါင်း လူဦးရေ ၁၅၆ ဦး ရှိပါသည်။

စခန်းရှိစစ်ရှောင်များအတွက် တစ်ဦးလျှင် ၁၅၀၀၀ ကျပ်ဖြင့်ထောက်ပံ့မှုကို ၃ လစာအတွက် လွန်ခဲ့သည့်မေလတွင် လက်ခံရရှိခဲ့ပြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဌာနမှ ဆန်၊ ဆီ၊ ဆားများကို ၁ လစာ ထောက်ပံ့ပေးခြင်း စသည့်အကူညီများကိုသာ ရရှိသည်ဟု သိရပါသည်။

သို့သော်လည်း အရေးတကြီးလိုအပ်သော တည်းခိုစရာ နေအိမ်များကို ဆောက်လုပ်ပေးခြင်းမရှိသောကြောင့် မိုးကာတဲများတွင်သာ ခိုလှုံနေဆဲ ဖြစ်ပါသည်။

“ရာသီတုပ်ကွေးကြောင့် အားလုံးဖျားကြတယ်။ မဖျားတဲ့ တဲတစ်တဲမှ မရှိဘူး။ တစ်ပြန် နှစ်ပြန် သုံးပြန်တောင် ဖျားကြတယ်။ အဲလိုမျိုးဖျားကြတဲ့အခါမှာ ကလေးတွေ လူကြီးတွေဖြစ်ဖြစ် ဆေးကုဖို့ ခက်ခဲတယ်။” ဟု ယင်းစစ်ရှောင် စခန်းမှ ဒေါ်နော မဟာက ပြောသည်။

ထို့အပြင် စစ်ရှောင်စခန်းတွင် လျှပ်စစ်မီးမရရှိသောကြောင့် ပညာသင်ကြားနေသည့် ကျောင်းသားများအတွက် ညအချိန် စာဖတ်ရန် ခက်ခဲနေကြောင်း ပြောပါသည်။

အဆိုပါစစ်ရှောင်များသည် အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ၂၀၁၈ ဧပြီလ တိုက်ပွဲကြောင့် မိုးကောင်းမြို့နယ် ၊ ကဆုန့်ကျေးရွာ နှင့် ၃ မိုင်ခန့် ကွာဝေးသည့် ခါနန်ကျေးရွာမှ ထွက်ပြေးလာသူများဖြစ်ပြီး လက်ရှိ ပမ္မတီးရပ်ကွက်တွင် တရားမဝင် စစ်ရှောင်အဖြစ်နေထိုင်သည်မှာ ၁နှစ်ကျော်ပြီ ဖြစ်ကြောင်း သိရပါသည်။

June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...