၂၀၁၉ ခုနှစ်အတွင်း ကလေးမြို့နယ်၌ ဖြစ်ပွားခဲ့သည့် မုဒိန်းမှုပေါင်း (၁၉) ခုအနက် သက်ငယ် မုဒိန်းမှု (၈) မှုရှိ

၂၀၁၉ ခုနှစ်အတွင်း ကလေးမြို့နယ်၌ ဖြစ်ပွားခဲ့သည့် မုဒိန်းမှုပေါင်း (၁၉) ခုအနက် သက်ငယ် မုဒိန်းမှု (၈) မှုရှိ

ကလေးမြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း (၁၉)မှု ရှိသည့်အနက် သက်ငယ်မုဒိမ်းမှု(၈)မှု ရှိကြောင်း တရားမျှတမှုအတွက် အမျိုးသမီးများ အဖွဲ့(Justice for Women) မှ ဥပဒေအထောက်ကူပြု ဒေါ်ဆန်နွမ်ကပြောသည်။

JW အဖွဲ့မှ ဒေါ်ဆန်နွမ်က “၂၀၁၉ခုနှစ်အတွင်း ကျွန်တော်မတို့ စာရင်းအရဆိုရင် အမူပေါင်း (၁၉)မူလောက်ရှိတယ်။ အဲဒီအထဲမှာ (၁၄)နှစ်အောက် သက်ငယ်မုဒိမ်းမူဆိုရင် (၈)မှုလောက်ရှိတယ်။ (၁၆)နှစ်အောက်လည်းရှိတယ် သတ်သတ်စီခွဲထားတယ်။ အသက်ပြည့်ပြီး စွံ့အနားမကြား စကားမပြောတတ်တဲ့သူတွေအပေါ်ကျူးလွန်တဲ့ မုဒိမ်းမူတွေလည်း ရှိတယ်”ဟုပြောသည်။

၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုတချို့မှာ တရားခံများကို ဖမ်းဆီးပြီး အမှုချမှတ်လိုက်ပြီး သော်လည်း အချို့အမှုများမှာ အမှုရင်ဆိုင် နေရဆဲကာလဖြစ်ကြောင်း ဒေါ်ဆန်နွမ်ကပြောသည်။

သူကဆက်ပြီး “စွံ့အနားမကြား အဓ္ဓမပြုကျင့်ခံရတဲ့သူတွေဆိုရင် သူတို့ကလည်း လက်သင်္ကတ ပြဘာသာတွေမတတ်ထားတော့ သူတို့အမှုကို ဖော်ထုတ်စစ်ဆေးတဲ့ နေရာမှာ အချိန်ကြန့်ကြာနေတာမျိုးတွေ ရှိနေတယ်။ အမှုအချို့ဟာ တော်တော်များများတော့ အမှုချလိုက်ပြီ။ တချို့ဟာတော့ အမှုရင်ဆိုင်နေတုန်း ဖြစ်တယ်”ဟုပြောသည်။

ပြီးခဲ့သည့်ရက် အောက်တိုဘာလ (၁)ရက်နေ့က အမှတ်(၈)ကျောင်းတွင် KG တတ်ရောက်နေသည့် (၅)နှစ်အရွယ် ကျောင်းသူမလေး တစ်ဦးကို အဓ္ဓမပြုကျင့်ခဲ့သူကို အမြန်ဆုံးသိရှိနိုင်ရန်လည်း တရားမျှတမှုအတွက် အမျိုးသမီးအဖွဲ့မှ ကြိုးစားသွားမည်ဖြစ်ကြောင်း ဒေါ်ဆန်နွမ်ကဆက်ပြောသည်။

ဒေါ်ဆန်နွမ်က “အဲဒီအမှုဆိုရင် အခုချိန်မှာ တရားခံကိုတော့ မမိသေးဘူး။ အမူကတော့ ဖွင့်ထားပြီးပြီဖြစ်တယ်။ ဒီအမှုမှာ တရားခံအမြန်ဆုံး ပေါ်အောင် ကျွန်မတို့အဖွဲ့အစည်း အနေနဲ့ ကြိုးစားနေပါတယ်။ ဘာလို့လဲဆိုတော့ ကလေးမလေးကလည်း အခုချိန်မှာ စိတ်ထိခိုက်နေတဲ့ အချိန်ဖြစ်လို့ သူ့မိဘတွေကလည်း မေးဖို့အခွင့်မပေးချင်သေးဘူး။ ကလေးကျန်းမာရေးကောင်းမှ ဘဲကျန်တာလုပ်ရမှာဖြစ်တယ်”ဟုပြောသည်။

ကလေးမြို့ စမ်းမြို့ရပ်ကွက်ရှိ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းတွင် KG ကျောင်း တတ်ရောက်နေသည့် ကျောင်းသူကို အောက်တိုဘာလ(၁)ရက်နေ့ ညပိုင်းတွင် အဓ္ဓမပြုကျင့် ခံခဲ့ရသည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...