TNLA မှ ပြန်လွှတ်ပေးလိုက်သည့် ရဲ လေးဦးအား ဌာနတွင်း စစ်ဆေးနေ

TNLA မှ ပြန်လွှတ်ပေးလိုက်သည့် ရဲ လေးဦးအား ဌာနတွင်း စစ်ဆေးနေ
Photo - EPA
Photo - EPA

တအာင်းအဖွဲ့TNLA မှ ဖမ်းဆီးသွားခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးလိုက်သည့် ရဲတပ်ဖွဲ့ဝင်လေးဦးကိုလုပ် ထုံးလုပ်နည်းအရဌာနတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့၊ဖွဲ့စည်းပြီးစစ်ဆေးနေသည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်ခင်အောင်က မဇ္ဈိမသို့ ပြောသည်။

“လုပ်ထုံးလုပ်နည်းအတိုင်းပဲ၊ သူတို့ဘာကြောင့်သွားလဲ၊ ဘယ်လိုဖြစ်လဲ၊ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်စဉ် အမှန်ပေါ်ပေါက်ဖို့အတွက် ဌာနတွင်းစုံစမ်းစစ်ဆေးရေးဖွဲ့ပြီး လုပ်နေတာပဲ” ဟု ၎င်းကဆိုသည်။

တာမိုးညဲမြို့နယ် မုံးစီးရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်ဇင်ထိုက် ၊ ဒုရဲအုပ် တင်စိုး ၊ တပ်ကြပ်ကြီး စောသက်နိုင် နှင့် ဒုတပ်ကြပ်ကျော်မင်းထိုက်တို့ကို နမ့်ဆာနှင့် နမ့်မောကျေးရွာကြားတွင် စက်တင်ဘာ ၂၉ ရက်နေ့က TNLA အဖွဲ့မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့အားဖမ်းဆီးချိန်တွင် အရပ်ဝတ်နှင့်ဖြစ်ပြီး လက်ပစ်ဗုံးများ ငွေကြေးကောက်ခံသည့် ပြေစာများ တွေ့ရှိ ခဲ့ကြောင်း TNLA ဘက်က မီဒီယာများသို့ ဖြေဆိုထားသည်။

ယင်းတို့အား ဖမ်းဆီးသွားပြီးနောက် TNLA အဖွဲ့မှ လေးရက်အကြာ အောက်တိုဘာ ၂ ရက်နေ့က ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

တာမိုးညဲမြို့နယ် မုံးစီးဒေသ၌ TNLA ၊ MNDAA၊ KIA စသည့် အဖွဲ့များ လှုပ်ရှားသည့် ဒေသဖြစ်ပြီး မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသဖြစ်သည်။

May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...