အိန္ဒိယဗဟိုအစိုးရနှင့် ပြည်နယ်များအကြား အုပ်ချူပ်ဆက်ဆံမှုအခြေအနေ မြန်မာ့တပ်မတော်သွားရောက်လေ့လာ

အိန္ဒိယဗဟိုအစိုးရနှင့် ပြည်နယ်များအကြား အုပ်ချူပ်ဆက်ဆံမှုအခြေအနေ မြန်မာ့တပ်မတော်သွားရောက်လေ့လာ

အိန္ဒိယ၏ ဗဟိုအစိုးရနှင့် ပြည်နယ်များအကြား အုပ်ချူပ်ဆက်ဆံမှုအခြေအနေများကို လေ့လာရန် မြန်မာ့တပ်မတော်မှကိုယ်စားလှယ် (၁၀) ဦးတို့သည် အိန္ဒိယနိုင်ငံသို့ရောက်ရှိနေပြီး အောက်တိုဘာလ (၁) ရက်နေ့က မီဇိုရမ်ပြည်နယ်ဝန်ကြီးချူပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဒုတိယဗိုလ်ချူပ်ကြီး အောင်လင်းထွေးဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် မီဇိုရမ်ပြည်နယ်ဝန်ကြီးချူပ် ပူးဇိုးရမ်းထန်းငါနှင့်တွေ့ဆုံစဉ်တွင် ဗဟိုနှင့် ပြည်နယ်များအကြား အုပ်ချူပ်ဆက်ဆံမှုနှင့် အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြားကုန်သွယ်မှု၊ ကုလားတန်စီမံကိန်းများလည်း ဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် The Aizawl Post သတင်းစာတွင်ဖော်ပြသည်။

ထို့အပြင် တပ်မတော်ကိုယ်စားလှယ်များသည် မီဇိုရမ်ပြည်နယ်အစိုးရဌာနဆိုင်ရာအကြီးအကဲများနှင့် Aijal club တွင်တွေ့ဆုံပြီး အိန္ဒိယ၏ ဒီမိုကရေစီစံနစ်အုပ်ချူပ်ပုံ၊ ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော်တို့၏ လုပ်ငန်းလည်ပတ်ပုံနှင့် ရွေးကောက်ပွဲစနစ်များကို ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

အလားတူ မီဇိုရမ်တက္ကသိုလ်ရှိ တာဝန်ရှိသူများနှင့်လည်းတွေ့ဆုံကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ဆိုသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်ဟု သတင်းစာတွင်ဖော်ပြထားသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...