အိန္ဒိယ၏ ဗဟိုအစိုးရနှင့် ပြည်နယ်များအကြား အုပ်ချူပ်ဆက်ဆံမှုအခြေအနေများကို လေ့လာရန် မြန်မာ့တပ်မတော်မှကိုယ်စားလှယ် (၁၀) ဦးတို့သည် အိန္ဒိယနိုင်ငံသို့ရောက်ရှိနေပြီး အောက်တိုဘာလ (၁) ရက်နေ့က မီဇိုရမ်ပြည်နယ်ဝန်ကြီးချူပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ဒုတိယဗိုလ်ချူပ်ကြီး အောင်လင်းထွေးဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် မီဇိုရမ်ပြည်နယ်ဝန်ကြီးချူပ် ပူးဇိုးရမ်းထန်းငါနှင့်တွေ့ဆုံစဉ်တွင် ဗဟိုနှင့် ပြည်နယ်များအကြား အုပ်ချူပ်ဆက်ဆံမှုနှင့် အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြားကုန်သွယ်မှု၊ ကုလားတန်စီမံကိန်းများလည်း ဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် The Aizawl Post သတင်းစာတွင်ဖော်ပြသည်။
ထို့အပြင် တပ်မတော်ကိုယ်စားလှယ်များသည် မီဇိုရမ်ပြည်နယ်အစိုးရဌာနဆိုင်ရာအကြီးအကဲများနှင့် Aijal club တွင်တွေ့ဆုံပြီး အိန္ဒိယ၏ ဒီမိုကရေစီစံနစ်အုပ်ချူပ်ပုံ၊ ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော်တို့၏ လုပ်ငန်းလည်ပတ်ပုံနှင့် ရွေးကောက်ပွဲစနစ်များကို ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။
အလားတူ မီဇိုရမ်တက္ကသိုလ်ရှိ တာဝန်ရှိသူများနှင့်လည်းတွေ့ဆုံကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ဆိုသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်ဟု သတင်းစာတွင်ဖော်ပြထားသည်။







