မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒနှင့်ပတ်သတ်ပြီး ချင်းပြည်နယ်တွင် အခြားတိုင်းနှင့်ပြည်နယ်များထက် စိတ်ဝင်စားမှုနည်းပါးနေဟုဆို

မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒနှင့်ပတ်သတ်ပြီး ချင်းပြည်နယ်တွင် အခြားတိုင်းနှင့်ပြည်နယ်များထက် စိတ်ဝင်စားမှုနည်းပါးနေဟုဆို

ချင်းပြည်နယ်တွင် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒနှင့် ပတ်သတ်ပြီး လူငယ်များအနေဖြင့် အခြား တိုင်းနှင့်ပြည်နယ်များထက် စိတ်ဝင်စားမှုနည်းပါးနေသေးကြောင်း ပြည်ထောင်စုလူငယ် ကိုယ်စားလှယ်ဟောင်း ဆလိုင်းထန်းလွန်းမှ ပြောသည်။

“လူငယ်ရေးရာ မူဝါဒနှင့် ပတ်သတ်ပြီး အဓိကတော့ အစိုးရနဲ့ဆိုင်ပါတယ်၊ အစိုးရက ကိုင်တွယ်တဲ့ Youth Policy ဖြစ်နေတဲ့အတွက် အစိုးရဦးဆောင်တဲ့ဟာဖြစ်နေတာ၊ လူငယ်တွေကိုယ်တိုင်က သူများနိုင်ငံလို ကိုယ့်ရဲ့ Youth Policy ကို ကိုယ်တိုင်က ဆောင်ရွက်နေတဲ့ဟာမျိုးမဟုတ်တဲ့အခါကျတော့ အစိုးရနဲ့အများကြီးဆိုင်ပါတယ်၊ ချင်းအနေနဲ့ အခက်အခဲပြောရရင် ကျနော်တို့နိုင်ငံမှာ မရှိဖူးတဲ့ National Youth Policy ဟာ အခုရှိလာပြီ၊ ဒီအပေါ်မှာစိတ်ဝင်စားမှုအရမ်းအားနည်းပါတယ်၊ အင်မတန်မှ ဝမ်းနည်းဖို့ကောင်းတယ်၊ တစ်ခြား ပြည်နယ်နှင့် တိုင်းတွေထက်စာရင် ကျနော်တို့ပြည်နယ်မှာ ချင်းလူငယ်တွေရဲ့ စိတ်ဝင်စားမှု သိရှိနားလည်မှုက အရမ်းအားနည်းတယ်”ဟု ဆလိုင်းထန်းလွန်းမှပြောသည်။

ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ၏ ဟားခါးမြို့နယ် ကော်မတီဖွဲ့စည်းရန်နှင့် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒများ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို စက်တင်ဘာ ၃ဝရက်နေ့တွင် ကျင်းပခဲ့သော်လည်း တက်ရောက်လာသည့် လူငယ်ဦးရေ နည်းပါးခြင်းကြောင့် ကော်မတီဖွဲ့စည်းရန် ရက်ရွှေ့ဆိုင်းခဲ့ရကြောင်းသိရသည်။

လူငယ်ရေးရာမူဝါဒ အကောင်အထည်ဖော်နေမှုနှင့်ပတ်သတ်ပြီး လက်ရှိ ပြည်ထောင်စု လူငယ်ကိုယ်စားလှယ်ဖြစ်သည့် ဆလိုင်းထန်းနိုင်းမှ “လူငယ်ရေးရာမူဝါဒနှင့်ပါတ်သတ်ပြီး တစ်ချို့က အစိုးရရဲ့မူလို့ဘဲမြင်ကြတယ်၊ ဒီထဲမှာ လူငယ်တွေပါရင်လည်း အစိုးရဝန်ထမ်းတွေလည်းမြင်ကြတယ်၊ အမှန်တစ်ကယ်ကတော့ ဒီဟာက လူငယ်တွေရဲ့မူဝါဒ လူငယ်တွေရဲ့ဖွံ့ဖြိုးရေးဖြစ်တယ်၊ ဒီကိစ္စကို အစိုးရက အကောင်မထည်မဖော်ခင်တုန်းကလည်း လူငယ်အဖွဲ့အစည်းတွေက အစိုးရအသိအမှတ်ပြုတဲ့ မူဝါဒဖြစ်လာဖို့ ကြိုးစားခဲ့တာဘဲ၊ ဒီဟာက လူငယ်တွေရဲ့အိမ်မက်ဘဲဖြစ်တယ်၊ နောက်တစ်ဆင့်အနေနဲ့ အစိုးရကနေ ပိုးပေါင်းလာတယ်၊ အစိုးရအသုံးစားရိတ်ထဲကနေသွားနေပြီ၊ နောက်တစ်ဆင့်အနေနဲ့ ကျနော်တို့မျှော်မှန်းထားတာက လူငယ်ရေးရာ ဝန်ကြီးဌာနအထိ ပေါ်ပေါက်လာဖို့ဖြစ်တယ်”ဟုပြောသည်။

လက်ရှိတွင် မြို့နယ်အလိုက် လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းနိုင်ရန်အတွက် အစိုးရမှ ငွေကျပ် ၂၈သိန်း ချထားပေးသော်လည်း သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်တွင် အသုံးစားရိတ်မြင့်မားမှုကြောင့် လောက်ငှမှုမရှိကြောင်း သိရသည်။

ချင်းပြည်နယ် လူငယ်ရေးရာကော်မတီအတွက် ဟားခါးမြို့တွင် ပြည်နယ်အစိုးရမှ ရုံးခန်းတစ်ခန်းစီစဉ်ပေးထားပြီးကိုင်ပိုင်မြေကွက်ရရှိနိုင်ရန် လက်ရှိတွင် မြေနေရာရှာဖွေနေကြောင်းသိရသည်။

ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ ဥက္ကဌ လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်မှ “လက်ရှိ အရေးကြီးဆုံးက မြေနေရာရဖို့ဘဲ၊ အခက်ခဲဆုံးလည်းဖြစ်တယ်၊ လူငယ်တွေကိုလည်းရှာခိုင်းထားတယ်၊ မြေနေရာရပြီးပြီဆိုရင် မြေပိုင်ဆိုင်ခွင့်တွေလုပ်ပြီးတော့ အဆောက်အဦးတွက် ဘတ်ဂျက်တောင်းပြီးတော့ လူငယ်စင်တာအဖြစ် အသုံးပြုသွားမှာဖြစ်တယ်”ဟု ပြောသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...