အမေရိကန်သံရုံး ထုတ်ပြန်ချက် NLD အစိုးရအခက်တွေ့ဟု မန်းဝန်ကြီးချုပ်ဆို

အမေရိကန်သံရုံး ထုတ်ပြန်ချက် NLD အစိုးရအခက်တွေ့ဟု မန်းဝန်ကြီးချုပ်ဆို
Photo - EPA
Photo - EPA

ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန် ၊နေပြည်တော် နှင့် မန္တလေးမြို့ကြီးများတွင် အကြမ်းဖက် တိုက်ခိုက််ခံရနိုင်မှုများ ရှိနိုင်သည့်အတွက် လုံခြုံရေးအသိဖြင့် နေထိုင်ကြရန် အမေရိကန် သံရုံးက အသိပေးချက်ထုတ်ပြန်လိုက်ခြင်းသည် NLD အစိုးရကို အခက်တွေ့စေသည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

“ဒါတင်လိုက်တော့ ကျွန်တော့်အမြင်။ကျွန်တော့်အမြင်ပဲ ပြောတာနော်။ဒါတင်လိုက်တော့ လှုပ်လှုပ်ရှားရှားတွေ ဖြစ်ကုန်တာပေါ့။ဒီလိုဟာမျိုးက ကျွန်တော်လုပ်လို့ မရဘူးလေဗျာ။သံရုံးတွေကလည်း ဒီဟာကို ဘာကြောင့်ထုတ်ရတာလည်း ထုတ်လိုက်တာကိုက ကျွန်တော်ထင်တယ်။ရည်ရွယ်ချက်ရှိပုံရသလားမသိဘူးနော်။ဘာဖြစ်လို့လည်းဆိုတော့ ခရီးစဉ်ဖျက်တာတွေရော နောက်ဆက်တွဲ အများယကီးနော်။ကျွန်တော်တို့ နည်းနည်းတော့ အခက်တွေ့တာပေါ့။အမှန်က ဒီလျှို့ဝှက်ချက်က ပေါ်ကိုမပေါ်ရဘူး။ပို့ထားတဲ့ စာမှာကိုက အထူးလျှို့ဝှက်ချက်။ကျွန်တော်တို့ပဲသိတယ်။ကျွန်တော်တို့ဆီရောက်နေတာ ကြာပြီ။ ဘာစာထွက်မလည်း ကိုယ်ဟာကိုယ် လုံခြုံရေးလုပ်ပေါ့။ဒါပေမယ့် ဒါကြီးကို ဖော်ထုတ်ရေးလိုက်တဲ့ အခါ မကောင်းဘူးပေါ့။ကျွန်တော့်အမြင်တော့ ဒီလောက်ပါပဲ။"ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

လုံခြုံရေးအရ အရေးကြီးသည့် နေရာများကို သိကြောင်းနှင့် လျှိဝှက်စာ အွန်လိုင်းပေါ် ရောက်လာသည်မှာ မဖြစ်သင့်ကြောင်း ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

မန္တလေးမြို့ အပါအဝင် အခြားမြို့ကြီးများတွင်လည်း ပြည်သူများ လုံခြုံ အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့်ထိတ်လန့်မှုများ မဖြစ်ပေါ်စေရန်အတွက် လုံခြုံရေးကို အထူးကြပ်မတ်ဆောင်ရွက်နေသည်ဟု တာဝန်ရှိသူများက ပြောကြားထားသည်။

April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...
April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...