ဘိန်းစိုက်ခင်းအစား၊ ၀ ဥအစားထိုးစိုက်ဖို့ အစိုးရမှ ထောက်ပံ့ဖို့ လိုအပ်ကြောင်း တွန်းဇံလွှတ်တော်အမတ်မှဆို

ဘိန်းစိုက်ခင်းအစား၊ ၀ ဥအစားထိုးစိုက်ဖို့ အစိုးရမှ ထောက်ပံ့ဖို့ လိုအပ်ကြောင်း တွန်းဇံလွှတ်တော်အမတ်မှဆို

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများဖျတ်သိမ်းပြီး ၀ ဥအစားထိုးစိုက်ပျိုးနိူင်ရန် ချင်းပြည်နယ် အစိုးရမှ အထောက်အပံ့ပေးဖို့ လိုအပ်ကြောင်း တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁)မှ ဦး ထောင်ခိုမန်းက ပြောသည်။

ဦး ထောင်ခိုမန်းက “ကျွန်တော်တို့ကတော့ ကွင်းဆင်းတယ်၊ ဘိန်းစိုက်ခင်းတွေကို ဖျတ်မယ်ပြောတယ် သူတို့အနေနဲ့ကတော့ သီးနှံအစားထိုးဖို့ ငွေကြေးခက်ခဲတယ်၊ ဥပမာ အနေနဲ့ လောလောဆယ်ငွေကြေး မထောက်ပံ့နိူင်တောင်မှ သူတို့စားဖို့ ၃၊ ၅ လစာလောက်ထောက်ပံ့ဖို့ လိုနေတယ်၊ ကျွန်တော်ကိုယ်တိုင် နှစ်ကြိမ်စည်းရုံးရေးသွားတယ် အဲ့ဒီမှာကတော့ သူတို့လည်းအကုန်လုံး လက်ခံကြတယ်” ဟု ပြောသည်။

အဆိုပါအကြောင်းနဲ့ ပတ်သက်ပြီး တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) ဦး ထောင်ခိုမန်းက ချင်းပြည်နယ် လွှတ်တော်အတွင်း တွန်းဇံမြို့နယ်ရှိ ဘိန်းခင်းများ ဖျတ်သိမ်းပြီး ဝဥစိုက်ပျိုးရေး မေးခွန်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ စီမံကိန်းဖြင့် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

ဦး ထောင်ခိုမန်း က “ချင်းပြည်နယ် လွှတ်တော်ထဲမှာတော့ ဝန်ကြီးဌာနက စီမံကိန်းနဲ့ပဲ ဖျတ်သိမ်းလို့ရမယ်လို့တော့ ပြောသည်။ စီမံကိန်းတော့ရှိပြီးသားပါ ဒါပေမဲ့ အကောင်အထည်ဖော်ဖို့က ၂၀၂၀ ကနေစမယ်၊ နောက် ဒီဟာက လွှတ်တော်ကနေ အကုန်လုံး ဘိန်းအစားထိုးဖို့ မလုပ်ဘူးဆိုရင် ဒီဘိန်းခင်းတွေက ဖျတ်ဆီးဖို့မလွယ်ဘူးလေ၊ ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ စည်းရုံးရေးလုပ်မှ အစားထိုးစိုက်ပျိုးလို့ရမယ်၊ တကယ်တော့ ပြည်သူတွေ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ရည်ရှည်ထားလို့ မကောင်းဘူး၊ နောက်နောင်မှာ ဒီလိုသာဆက်ဖြစ်ရင် ဆိုးကျိုးအများကြီး ပေးအုံးမယ်” ဟု ဆိုသည်။

၂၀၁၅-၂၀၁၆ ခုနှစ်မှာ ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ခင်း ဧက ၁၃၂၀၊ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ဧက ၆၉.၂၅ နှင့် ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ဧက ၁၃၄ တို့ကို ချင်းပြည်နယ်အစိုးရက ဖျတ်ဆီးခဲ့ကြောင်း ဇွန်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောခဲ့သည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...