ဘတ်ဂျက်လိုငွေ သန်း ၈၀၀ ရရှိနိုင်ပါက သီမြစ်မြစ်ရေတင်စီမံကိန်းမှ ဒီဇင်ဘာလတွင် ရေစတင်ဖြန့်ဝေနိုင်မည်ဟုဆို

ဘတ်ဂျက်လိုငွေ သန်း ၈၀၀ ရရှိနိုင်ပါက သီမြစ်မြစ်ရေတင်စီမံကိန်းမှ ဒီဇင်ဘာလတွင် ရေစတင်ဖြန့်ဝေနိုင်မည်ဟုဆို

ဟားခါးမြို့ ရေပေးဝေရေးစီမံကိန်းကို ဘတ်ဂျက်အလုံလောက်ရရှိပါက လာမည့်ဒီဇင်ဘာလ (၃၁)ရက်နေ့အပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “တီမြစ်ရေပေးဝေရေး စီမံကိန်းမှာ ဘတ်ဂျက်ပိုင်းမှာ လိုတာက သန်း ၈၀၀လောက်လိုတယ် သန်း၂၂၀ ကိုတော့ ၂၀၁၈-၁၉ဘတ်ဂျက်မှာရတယ်။ အခု၂၀၁၉-၂၀ ဘတ်ဂျက်မှာသန်း ၂၂၀ ထပ်ထည့်တော့ စုစုပေါင်း ၄၄၀ တော့ရတယ်။ ကွင်းဆင်းလေ့လာပြီးဒီဇိုင်းဆွဲ တာတွေတော့ပြီးပြီ ကျန်တဲ့ ဘတ်ဂျက်ရရင်တော့ ဒီဇင်ဘာ ၃၁ ရက်ဆိုရင် အပြီးလုပ်ဖို့တော့ လျာထားတယ်”ဟုပြောသည်။

ဟားခါးမြို့ရေပေးဝေနိုင်ရန်အတွက် စီမံကိန်းတစ်ခုလုံး ခွင့်ပြုရန်ပုံငွေ ၂.၉ဘီလီယမ်ဖြင့် ခွင့်ပြုခဲ့ပြီး ၎င်းစီမံကိန်းတွင် လိုအပ်သော ပစ္စည်းများကို ၂.၂ ဘီလီယမ်ဖြင့် ဝယ်ယူထားပြီဖြစ်ပြီး (.၇ဘီလီယမ်)အသုံးပြုမည့် အပိုင်းသာ ကျန်ရှိနေခြင်းဖြစ်ကြောင်း စည်ပင်ဝန်ကြီးကပြောသည်။

သူကဆက်ပြီး “အရင်ကုမ္မဏီက လုပ်ငန်းလုပ်တဲ့နေရာမှာ ကွင်းပြင်မြေမှာ သေချာမဆင်းဘူး မဆင်းတော့ ဒီဇိုင်းကသေချာမရှိတာတို့ နောက်ပြီးသူတို့ ဝယ်ထားတဲ့ ပိုက်တွေကလည်း အများကြီးပိုနေတယ် အခုလုပ်တဲ့ ဒီဇိုင်းနဲ့က သူတို့ဝယ်ထားတဲ့ ပိုက်တွေသုံးလို့မရဘူး ဆိုတော့လိုအပ်တဲ့ ပစ္စည်းပြည့်ပြည့် စုံစုံတော့ ဝယ်ပြီးပြီ (.၇ဘီလျံ)နဲ့ လုပ်မယ့်အပိုင်း ဘဲကျန်တော့တာဖြစ်တယ်”ဟုပြောသည်။

ဟားခါးမြို့ရေပေးဝေရေးအတွက် တင်ဒါအောင်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့ကြသော ကုမ္မဏီနှစ်ခုမှာ လုပ်ငန်းဆောင်ရွက်ချိန် သက်မှတ်ချိန်တွင် မပြီးစီးခြင်း စီမံကိန်းအတွက် ဒီဇိုင်းမရှိခြင်းတို့ ကြောင့်ပြည်နယ်အစိုးရမှ လုပ်ငန်းဆောင်ရွက်မှုကို ရပ်နားခိုင်းပြီး ကုမ္မဏီများကိုလည်း လျော်ကြေးတောင်းခံထားကြောင်း သိရှိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “အရင်ကလုပ်ခဲ့ကြတဲ့ ကုမ္မဏီနဲ့ အောက်တိုဘာလထဲမှာတွေ့ဖို့ ချိန်းထားတယ်။ သူတို့ဆီကလျော်ကြေးရဖို့က အနည်းဆုံး သိန်း ၂ထောင်၊ ၃ထောင်လောက်တော့ ရှိမယ်။ သူတို့ဖက်က သတ်မှတ်ထားတာတွေ နောက်ဆုံးအဖြေတော့ မထွက်လာသေးဘူး အနည်းဆုံးတော့ သိန်း ၂ထောင် ဝန်းကျင်တော့ ပြန်လျော်ရမှာဖြစ်တယ်”ဟုပြောသည်။

ဟားခါးမြို့ ရေပေးဝေရေးတွင် ဘတ်ဂျက်ရရှိပါက ပြီးစီးနိုင်သော်လည်း ဘတ်ဂျက်မရရှိပါကလည်း နောက်ဆုံးအနေဖြင့် ၂၀၂၀ ချင်းအမျိုးသားနေ့ မတိုင်ခင်အပြီးလုပ်ရန် စီမံထားကြောင်း သိရပြီး လက်ရှိ ရေပေးဝေရေးလုပ်ငန်းကို စည်ပင်ဝန်ကြီးဌာနနှင့် တခြားကျွမ်းကျင်ပညာရှင်များနှင့် ပူးပူးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သီမြစ်မြစ်ရေတင်စီမံကိန်းတည်ဆောက်ရာတွင် ရေကာတာနှင့် ရေကန်များတည်ဆောက်ခြင်းအတွက် ကျပ်ငွေ ၈.၈ဘီလီယမ် ကုန်ကျခဲ့ပြီး မြို့တွင်းဖြန့်ဝေရေးအတွက် ကျပ်ငွေ ၂.၉ဘီလီယမ် ခွင့်ပြုချက်ရရှိခဲ့ကာ စီမံကိန်းတစ်ခုလုံးအတွက် ၁၁.၇ဘီလီယမ်ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...