ဗားရ်တံတားခိုင်ခံ့မှုနည်းလာခြင်းကြောင့် အစားထိုးတံတားကို ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် ဆောက်လုပ်နေ

ဗားရ်တံတားခိုင်ခံ့မှုနည်းလာခြင်းကြောင့် အစားထိုးတံတားကို ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် ဆောက်လုပ်နေ

စစ်ကိုင်းတိုင်းကလေးမြို့နှင့် ချင်းပြည်နယ်မြို့တော်ဖြစ်သည့် ဟားခါးမြို့ကို အဓိကဆက်သွယ်ပေးသည့် ဗားရ်တံတား၏ ခိုင်ခံ့မှု နည်းလာခြင်းကြောင့် ပြည်နယ်အစိုးရ ရန်ပုံငွေအသုံးပြုကာ အရံတံတား ဆောက်လုပ်လျက်ရှိကြောင်းသိရသည်။

ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယူက “လမ်း/တံတားဦးစီးဌာနကလုပ်မှာဖြစ်တယ်။ အဲအတွက် သုံးတဲ့ဘတ်ဂျက်က ပြည်နယ်အစိုးရဘတ် ဂျက်ဖြစ်ပါတယ်။ အခုလုပ်ငန်းလည်းစတင်နေပါပြီ။ ဒီလမ်းဟာ ကလေးကနေ ဝေဘူလလမ်းဖက်ဖြစ်ဖြစ် ကလေး - လုမ်ဘမ်းဖက်ကဖြစ်ဖြစ် အကျုံးဝင်မယ့်လမ်းဖြစ်ပါတယ်။ အခုလို တံတားအစားထိုးတံတား ဆောက်တာဟာ အခုရှိနေတဲ့ တံတားရဲ့ခိုင်ခံ့မှုမရှိတော့ တာကြောင့်ဖြစ်ပါတယ်” ဟုပြောသည်။

လုပ်ငန်းကို ၂၀၁၉ - ၂၀၂၀ အပြီး တည်ဆောက်ရန်ရည်ရွယ်ထားပြီး ပြည်နယ်အစိုးရ ဘတ်ဂျက်မှ ကျပ်သန်းပေါင်း ၈၀၀ အသုံးပြုသွားမည်ဖြစ်သည်။

ချင်းပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုး ထက်က “ကျွန်တော်တို့ ဖောင်ဒေးရှင်းအတွက် မြန်မာကျပ်ငွေ ၈၀၀ ကျော်သုံးမယ်၊ လာမယ့် ၂၀၂၀ မှ ပြီးအောင်ဆောက်မယ်၊ တံတားအတွက် ချည်းကပ်လမ်း တစ်ဖက်တော့ ပြီးသွားပြီ၊ မိုးရာသီဆိုတော့ အလုပ်က သိပ်မဖြစ်ဘူး ဖြစ်နေတယ်၊ လာမယ့် ပွင့်လင်းရာသီကျရင် လုပ်ငန်းတွေက ပြန်လည်စတင်တော့မယ်” ဟု ပြောသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်မည့် ဗားတံတားအရန်ဆောက်လုပ်မှုမှာ မိုးတွင်းကာလဖြစ်ခြင်းကြောင့် လက်ရှိတွင် အလုပ်လုပ်ရန် ခက်ခဲသဖြင့် ပွင့်လင်းရာသီတွင် ဆက်လက်လုပ်ငန်း လည်ပတ်မည်ဖြစ်ကြောင်း သိရိသည်။

ဗားရ်တံတားသည် ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်များနှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်အကြား အဓိကဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ တံတားတစ်စင်းဖြစ်သည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...