၂၀၁၆ ဂျူလိုင်လက UWSA ဝ တပ်ဖွဲ့ အဆင့်မြင့်ကိုယ်စားလှယ်က နိုင်ငံတော်အတိုင်အပင်ခံ ဒေါ် အောင်ဆန်းစုကြည်နဲ့တွေ့ဆုံရာ မှာသော်လည်းကောင်း၊ ၂၀၁၆ ဒီဇင်ဘာ ၂၉ ရက် မြန်မာအစိုးရ ကိုယ် စားလှယ်တော် ဦးသိန်းဇော်ကနေ UWSA ဝ တပ်ဖွဲ့ ဌာနချုပ် ပန်ဆန်း ကို ရောက်ရှိ ရာမှာသော် လည်း ကောင်း NLD အစိုးရထံ တောင်းဆိုချက် ရ ချက် တောင်းဆိုတယ်လို့ ဝ အရာရှိတဦး ကပြောပါတယ် ။
အဲဒီ တောင်းဆိုချက် ရ ချက်ကတော့ –
(၁) UWSA ဝ တပ်ဖွဲ့ ပိုင် မော်တော်ကား အစီးရေ ၂၀ဝဝဝ စီး(နှစ်သောင်း) ယာဉ်လိုင်စင်ထုတ်ပေးဖို့၊
(၂) UWSA ဝ တပ်ဖွဲ့ထိန်းချုပ် နယ်မြေထဲကို ဆေးဝါးကူညီမှုပေးတဲ့ နိုင်ငံတကာ NGO အဖွဲ့ကို တိုက်ရိုက် ဝင်ရောက်ထောက်ပံ့ပေးဖို့။ (၂၀၁၆ က ဆေးဝါးထောက်ပံ့မှုပေးနေတဲ့ အင်္ဂ္လိပ် NGO အဖွဲ့အစည်းတခုကို တန့်ယန်းမြို့နယ် တာ့ကောင်းအက် (သံလွင်မြစ်ကူး) တံတားကနေ ကူးခွင့်မပေးတဲ့ ကိစ္စကို အစိုးရ အနေနဲ့ ခွင့်ပြုချက် ပြန်ပေးဖို့ ) ။
(၃) ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် – ချင်းဒေါဝ်းမြို့နယ် နဲ့ သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံ မြို့နယ်ကြား နယ်ခြား မိုင်တိုင်အမှတ် ၁ ဘီပီဝမ်း ( BP-1) ဂိတ်စခန်းဖွင့်ပေးဖို့ ။ (ဝ တပ်ဖွဲ့တွေ တာဝန်ယူထားတဲ့ ဘီပီဝမ်း ( BP-1) ဂိတ်စခန်းကို ဖွင့်လှစ်ဖို့ ထိုင်းဘက်က အဆင်သင့် ဖြစ်နေပြီး ဖွင့်လှစ်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့် မြန်မာအာဏာပိုင်များက အထက်အမိန့် မရသေးတဲ့အတွက် ဖွင့်လှစ်ဖို့ အဆင်သင့်မရှိသေးလို့ဘဲ အစဉ်အမြဲ ပြန်ကြားတယ်လို့ ဆိုပါတယ်။ ဒီ့အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဘီပီဝမ်း ( BP-1) ဖွင့်ပေးဖို့ ဝတပ်ဖွဲ့ဘက်က လိုအပ်နေပါတယ်။)
(၄) လမ်းခင်းဖို့ကတ္တရာ ပေပါပုံး အလုံးရေ ၅၀ဝဝဝ ( ၅ သောင်း) နိုင်ငံတော်အစိုးရကနေ ထောက်ပံ့ ဖို့ ။
(အရင်က လားရှိုး – တန့်ယန်း – ပန်ဆန်း ကို ၁၀ နာရီ မက ကားမောင်းရပေမယ့် လက်ရှိမှာတော့ ၆ နာရီ ကျော်ကျော်ခန့်သာ မောင်းနှင်နိုင်ပြီလို့လဲ ပြောတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကတ္တရာစေး တွေ ထပ်မံထုတ်ပေးမယ်ဆိုရင် ဝ တပ်ဖွဲ့တွေ အနေနဲ့ လမ်းပမ်းဆက်သွယ်ရေးအတွက် ပိုမို ချဲ့ထွင် ဖေါက်လုပ်နိုင်မယ်လို့လဲ ပြောကြားပါတယ်။ )
(၅) သံလွင်မြစ် ပေါ် က မန်တွန်းဆည် ကို ဝ တပ်ဖွဲ့ကို တည်ဆောက်ခွင့် ပေးဖို့ ။
(လားရှိုးခရိုင်အတွင်းရှိတဲ့ သံလွင်မြစ် မန်တွန်းရေကာတာ တည်ဆောက်ခွင့်ကို ဦးသိန်းစိန်အစိုးရ က ခွင့်ပြုချက်ပေးထားပြီးဖြစ်တဲ့အတွက်လက်ရှိ အစိုးရ၍ အနေနဲ့ ဆည်တည်ဆောက်ခွင့် ထပ်ချပေးမယ် ဆိုရင် တည်ဆောက်ရေးအတွက် တရုတ်ကုမ္ပဏီ ကို အမြန်ဆုံးဖိတ်ခေါ်မယ်လို့ ဆိုပါတယ်။ တကယ်လို့ အစိုးရ မှ တည်ဆောက်ခွင့်ပေးမယ်ဆိုပါက တရုတ်၊ အစိုးရ နဲ့ ဝ သုံးချိုးကျပါဝင်မယ်လို့ ဆိုပါတယ်။)
(၆) ဗိုလ်ချုပ်ခင်ညွှန့် ဝန်ကြီးချုပ် ဘဝ က ထောက်လှမ်းရေး တာဝန်ထမ်းဆောင်ခဲ့တဲ့ဗိုလ်မှူးကြီး ဆန်းပွင့်ကို ဝ တပ်ဖွဲ့ရဲ့ အတိုင်အပင်ခံအဖြစ် ခန့်အပ်ခွင့် ပေးဖို့ ။ (ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်က ဗိုလ်မှူးကြီး ဆန်းပွင့်ဟာ ဝ တပ်ဖွဲ့တွေ အတွက် အထူးယုံကြည်မှု ရှိကြောင်း၊ ဝ ပြည်နယ်အရေးအတွက် ပံ့ပိုးနိုင်ရုံမက တခြားသော ပြဿနာတွေကိုလည်း ゞင်းက ဝိုင်းဝန်းဖြေရှင်းနိုင်မယ်လို့ ဝ ခေါင်းဆောင်တွေက ယုံကြည်ပါတယ်။)
(၇) ထိုင်းနယ်စပ်ရှိ တောင်ပိုင်း ဝ တပ်ဖွဲ့ နှင့် တရုတ်နယ်စပ်ရှိ ပန်ဆန်း ဝ ဌာနချုပ် ထိန်းချုပ်နယ်မြေ တို့အကြား အရင်ကထက် ပိုမိုလွယ်ကူတဲ့ ဆက်ဆံရေးလမ်းကြောင်းဖွင့်ပေးဖို့ – စတာတွေ ပါဝင် တယ် လို့ သိရပါတယ် ။
နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် စစ်အစိုးရ ဖိအားပေးလာသည့် ၂၀ဝ၉ ခု နှစ်နောက်ပိုင်း ဝ တပ်ဖွဲ့ နဲ့ တပ်မတော်ကြား စစ်ရေးတင်းမာမှု မကြာခဏဖြစ်ပွားတယ်။ စစ်ဆေးရေးဂိတ်တွေထူပြောတယ်။ ဒီကိစ္စတွေ ပြေလျှော့ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ် ။
အစိုးရ ကိုယ်စားလှယ် ဦးသိန်းဇော်ဟာ ဝ တပ်ဖွဲ့ ခေါင်းဆောင်တွေ ကို ပန်ဆန်းမြို့မှာ သွားရောက် တွေ့ဆုံပြီး ဒီဇင်ဘာ ၃၀ ရက်နေ့မှာတော့ အထူးဒေသ ၄ မိုင်းလားမြို့မှာ မိုင်းလား ခေါင်းဆောင်တွေနဲ့ လဲ ထပ်မံတွေ့ဆုံတယ်လို့ ဆိုပါတယ် ။
ဒါ့အပြင် သျှမ်းပြည်တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော် ရဲ့ အထူးကိုယ်စားလှယ်တွေနဲ့လဲ ဒီဇင်ဘာ ပြီးခဲ့တဲ့ ရက်ပိုင်းက လားရှိုးမြို့မှာ တွေ့ဆုံခဲ့ပါသေးတယ် ။
တွေ့ဆုံမှုတိုင်းမှာ NCA လက်မှတ်ရေးထိုးဖို့ပြီး အစိုးရနဲ့ ဒေသဖွံ့ဖြိုးရေး လက်တွေ့ဖေါ်ဆောင်ဖို့၊ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့၊ လာမယ့်လအတွင်း ဒုတိယ အကြိမ်၂၁ ရာစု ပင်လုံ ညီလာခံတက်ရောက်ဖို့ စတာတွေ ပြောကြားတယ်လို့ သိရပါတယ် ။







