မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၇၀၀ ကျော် ကျော်တန်ဖိုးရှိ မူးယစ်ဆေးနှင့်လက်နက်များသိမ်းမိ

မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၇၀၀ ကျော် ကျော်တန်ဖိုးရှိ မူးယစ်ဆေးနှင့်လက်နက်များသိမ်းမိ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ မနက် ၇ နာရီတွင် မိုင်းဆတ်မြို့နယ် ဝမ်မိုင်(အာခါ) ကျေးရွာနေ အသက် ၄၆ နှစ်ရှိ  လော်ဘယ် ဆိုသူ၏နေအိမ်သို့  အစိုးရအာဏာပိုင်များဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၃၆၀၀၀ (ကာလပေါက်ဈေး ၃၆၉သိန်း)၊ စိတ်ကြွဆေးမှုန့် ၄ကီလို (ကာလပေါက်ဈေးကျပ်သိန်း ၄၀၀  )နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ ပွိုင့် ၂၂ သေနတ် ၁ လက်၊ M22 သေနတ် ၁ လက်၊ အရှည် ၂ ပေ ၄ လက်မ ရှိ သေနတ် ၁ လက်၊ M 22 ကျည် ၈၀ တောင့် နှင့် ၅.၅၆ ကျည် ၁၂၀ တောင့်တို့ ဖြစ်ကြောင်း သိရသည်။

ထိုမူးယစ်ဆေးဝါး သိမ်းဆည်းခံရမှုနှင့် ပတ်သက်ပြီး မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...