ချင်းပြည်နယ်တွင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ခြောက်သောင်းကျော်တိုးမည်

ချင်းပြည်နယ်တွင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ခြောက်သောင်းကျော်တိုးမည်

ချင်းပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူမှာ ၂၀၁၅ မဲပေးပိုင်ခွင့်ထက် လူဦးရေ ခြောက်သောင်းကျော် တိုးလာမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလင်း ကျော်ကပြောသည်။

ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလင်းကျော်က “လူဦးရေစာရင်းကောက်တဲ့ စာရင်းအရဆိုရင် ၂၀၁၅ စာရင်းက ၂၀၂၀လူဦးစာရင်းနဲ့ဆိုရင် ကွာဟတာက ခြောက်သောင်းကျော်လောက်က ကွာဟပြီး တိုးနေတယ်။ ကျွန်တော်တို့ ဖက်ကလည်း တက္ကသိုလ်ကျောင်းတွေ ကောလိပ်တွေကိုပါ ကောက်တယ်။ သူတို့က ဟိုဖက်မြို့နယ်မှာလည်းစာရင်းပါတယ်။ ဟားခါးမှာဆိုရင်လည်းပါတယ်။ ကောက်တဲ့ဟာအားလုံးက ၅၄၀၀၀၀ ကျော်ဖြစ်တယ်။ အဲဒီထဲမှာ ၁၈နှစ် အထက်ကော၊ အောက်တို့လည်းပါတယ်။ အဲထဲမှာမှ ၂၀၂၀ ဒီဇင်ဘာ (၃၁)မှာ ၁၈နှစ်ပြည့်လာမယ့် လူတွေကို ပြန်စိစစ်ပြီးတော့ ကွန်ပြူတာထဲမှာ အခြေခံမဲစာရင်းအဖြင့် ပြောင်းထည့်တယ်”ဟုပြောသည်။

ချင်းပြည်နယ်တွင် လူဦးရေစာရင်းကောက်ခံခြင်း အားလုံးပြီးစီးခဲ့ပြီဖြစ်ပြီး ဟားခါးမြို့တွင်ရှိသည့် ကောလိပ်တွင်လည်း နိုင်ငံသားတစ်ယောက်အနေဖြင့် မဲပေးခြင်း၏ အကျိုးနှင့် မဲပေးခြင်း သရုပ်ပြတွေကိုလည်း ရွေးကောက်ပွဲကော်မရှင်များဖက်မှ ကျောင်းများတွင် သွားရောက်ဆွေးနွေးခြင်း လက်တွေ့လုပ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော် ကပြောသည်။

သူကဆက်ပြီး “ကျွန်တော်တို့ ကော်မရှင်ပိုင်းအနေနဲ့ တခြားတိုင်းနဲ့ ပြည်နယ်နဲ့ မတူဘဲ ကောလိပ်တွေက ကျောင်းသားတွေကို ဘာကြောင့် မဲပေးသင့်လဲ၊ ဒီမိုကရေစီ ဆိုတာဘယ်လိုလဲ ဘယ်လိုမဲပေးရင်ကောင်းမလဲ မဲပေးတဲ့ဖြစ်စဉ်တွေ သရုပ်ပြတွေ အဲဒါတွေကို သွားပြီးတော့ ဆွေးနွေးပေးတယ်။ သူတို့လက်တွေ့လည်း လုပ်တယ်ပေါ့ ဒီဇင်ဘာလောက်ကျရင် နည်းပညာကျောင်းတို့ Chin Christian University တို့မှာ ကျွန်တော်တို့ ကော်မရှင်ပိုင်းက ထပ်လုပ်ဖို့ရှိတယ်။ CSOပိုင်းတွေကလည်း ကျေးရွာပိုင်းတွေအထိတော့ သွားလို့ရအောင် အစီအစဉ်ဆွဲနေကြတယ်”ဟုပြောသည်။

အသက်(၁၈)နှစ် ပြည့်လာမည့်သူများမှာ သုံးသိန်းလေးသောင်းကျော်ရှိနေပြီး ၎င်းတို့အတွက် စီမံချက်များ ရေးဆွဲပြီးဖြစ်ပြီး တရားဝင်အိမ်ထောင်စုစာရင်း မရှိသေးသူများ ကိုလည်း ယာယီ အိမ်ထောင်စုများကို ထုတ်ပေးရန်လည်း လဝက ဖက်မှဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...