တောင်သူများထံမှရရှိမည့် ဆည်ရေသောက်အခွန်ကြွေးကျန် ၉ ဘီလီယံ အနက် ၂၀ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိ

တောင်သူများထံမှရရှိမည့် ဆည်ရေသောက်အခွန်ကြွေးကျန် ၉ ဘီလီယံ အနက် ၂၀ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံမှ ကောက်ခံရရှိမည့် ဆည်ရေသောက်အခွန်ကြွေးကျန် ကျပ် ၉ ဘီလီယံ အနက် ၂၀ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးမှ ဒေါက်တာစိုးသန်း ကမဇ္ဈိမကို ပြောသည်။

"ခုလက်ရှိ ကောက်နေတာကတော့ ၂၀ ရာခိုင်နှုန်းလောက်ပြန်ရပြီ။ ခုလည်း ဆက်တောင်းနေတုန်းပဲ။ ကြွေးကောက် တယ်ဆိုတော့ အခက်အခဲတော့ရှိတာပေါ့။ ကြွေးကျန်ကို ဆင်းကောက်တာတွေ လုပ်နေတယ်။ အရင်က ဒီလို ဆင်း ကောက်တာတွေမလုပ်ခဲ့လို့ ကျန်နေတာဖြစ်တယ်။"ဟု ဒေါက်တာစိုးသန်း က ပြောသည်။

တောင်သူများထံမှ ရရှိမည့် ရေအခွန်အကြွေးကျန် ၉ဘီလီယံမှာ ၂၀၀၆ ခုနှစ် မှ ၂၀၁၆ ခုနှစ်အတွင်း ရရှိရမည့် ကြွေးကျန်များဖြစ်ပြီး ယခင်က စနစ်တကျ ကောက်ခံခြင်းမရှိဘဲ ကျန်နေသည့် ငွေကြေးများ ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၀၆ ခုနှစ်မတိုင်မီ အချိန်က ရေခွန်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံခြင်းဖြစ်ပြီး၂၀၀၆ ခုနှစ်မှ စတင်၍ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ရေခွန်များကို ကောက်ခံရန်တာဝန်ယူခဲ့သည့် နောက်ပိုင်းတွင် ရေခွန်ကြွေးကျန်များ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၂၀၁၆ ခုနှစ်မှ စတင်ကာ ရေခွန်ကြွေးကျန်များကို စတင်ကောက်ခံရန်စီစဉ်ခဲ့သော်လည်း ရေခွန်နှင့် တာတမံခွန်ဥပဒေ ပြဌာန်းခြင်း မရှိသည့်အတွက် ကောက်ခံရန်စောင့်နေခဲ့ရကြောင်း သိရသည်။ ထို့နောက် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ရေခွန်နှင့်တာတမံခွန် ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သောကြောင့် ရေခွန်ကြွေးကျန်များကို ကောက်ခံရန် တိုင်းဒေသကြီး ၊ခရိုင်၊မြို့နယ်၊ရပ်/ကျေး ရေခွန်ကောက်ခံရေး အဖွဲ့များကို ၂၀၁၇ စက်တင်ဘာ၂၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...