ဗိုလ်ချုပ်ရုပ်ထုထားရှိရေး ဟားခါးအရပ်ဘက်လူမှုအဖွဲ့အစည်း အများစု သဘောမတူ

ဗိုလ်ချုပ်ရုပ်ထုထားရှိရေး ဟားခါးအရပ်ဘက်လူမှုအဖွဲ့အစည်း အများစု သဘောမတူ

ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု ထားရန် စီစဉ်နေမှုနှင့်ပတ်သတ်ပြီး ဟားခါးမြို့ အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခဲ့ကြပြီး အများစုမှ သဘောမတူကြကြောင်းသိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁၇ရက်နေ့တွင် Hakha Rescue Center (HRC) ရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင် ၂၀ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

“အဓိကတော့ ဗိုလ်ချုပ် ရုပ်ထုတည်မယ့် ကိစ္စနှင့်ပတ်သတ်ပြီး ဆွေးနွေးကြတာပေါ့၊ အဲဒီအစည်းအဝေးမှာ တက်ရောက်လာတဲ့သူတွေရဲ့ ၉၅ရာခိုင်းနှုန်းလောက်ကတော့ သဘောမတူကြဘူး၊ ဒီပွဲက လူနည်းနည်းနဲ့ပဲ ကျင်းပတာဖြစ်တဲ့အတွက် လာမယ့် စက်တင်ဘာ ၂၈ရက်နေ့မှာ တစ်ခြားလူတွေပါ ဖိတ်ပြီးတော့ အစည်းအဝေးပြန်လုပ်ဖို့ ဆုံးဖြတ်ကြတယ်၊ အဲဒီကျရင်တော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှာပါ”ဟု အစည်းအဝေးဖြစ်မြောက်ရေးဦးဆောင်သူ ဆလိုင်း ဗန်ကျင်ထန်းမှပြောသည်။

စက်တင်ဘာ ၂၈ရက်နေ့တွင် ကျင်းပမည့် အစည်းအဝေးပွဲတွင် CSO အဖွဲ့များ၊ တက္ကသိုလ်ကျောင်းသားများ၊ ရပ်ကွက်များမှ လူငယ်ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးသမားများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုထားရှိရန် အစီအစဉ်နှင့်ပတ်သတ်ပြီး ချင်းအဖွဲ့အစည်းတစ်ချို့မှလည်း ကန့်ကွက်မှုများ၊ ထုတ်ပြန်ချက် ထုတ်ပြန်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိရန် ချင်းပြည်နယ်လွှတ်တော်ရုံးရှေ့တွင် ကွန်ကရက်ခင်းရန်တာဝန်ယူသည့် ကုမဏီမှ အလှူငွေ သိန်း၂၀၀လှူဒါန်းထားခြင်းဖြစ်ပြီး ပန်းခြံမြေနေရာရှာပြီး အကောင်အထည်ဖော်ပြီးမှသာ ဗိုလ်ချုပ်ကြေးရုပ်ကို ထားရှိမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရက ပြောဆိုထားသည်။

Caption - ဟားခါးပန်းခြံတွင် ရှိခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်ပုံ၊ ယခုအဆိုပါနေရာသည် လက်ရှိ ချင်းပြည်နယ်လွှတ်တော်ရုံးတည်ရှိရာနေရာဖြစ်သည်

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...