အလုပ်သမားကိစ္စအတွက် တရုတ်ကုမ္ပဏီများ တိုင်ကြားခံရမှု များပြား

အလုပ်သမားကိစ္စအတွက် တရုတ်ကုမ္ပဏီများ တိုင်ကြားခံရမှု များပြား

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အလုပ်သမားကိစ္စနှင့်ပတ်သက်၍ တိုင်ကြားလာမှုများတွင် တရုတ်ကုမ္ပဏီများ တိုင်ကြားခံရမှုများပြားကြောင်း အဆိုပါကော်မရှင်မှ သိရသည်။

"ကွင်းဆင်း စစ်ဆေးတယ်။ ဖြေရှင်းလို့ရတဲ့ အပိုင်းဆိုရင် MIC က သူ့ဘောင်ထဲမှာရှိရင် ဖြေရှင်းပေးလိုက်တယ်။ပုံမှန်အား ဖြင့်ကွင်းဆင်းစစ်ဆေးတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှဒုတိယ ညွှန်ကြားရေး မှူးချုပ်ဒေါ်တင်အေးဟန်က ဆိုသည်။

အဆိုပါ ပြဿနာများတွင် အလုပ်သမားဘက်က ဥပဒေကို ကျော်လွန်၍ တောင်းဆိုခြင်းများရှိနိုင်သကဲ့သို့ ကုမ္ပဏီအနေဖြင့်လည်း တည်ဆဲဥပဒေများအတိုင်း ဆောင်ရွက်သည်ဆိုသော်လည်း တစ်ခါတရံတွင် ကုမ္ပဏီဘက်ကမှားခြင်းများလည်း ရှိနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

“MIC ကကျတော့ စီးပွားရေး လုပ်ငန်းတွေကို ခွင့်ပြုတာဖြစ်တယ်။ လေဘာနဲ့ပတ်သက်ရင် ရင်းနှီးမြှုပ်နှံတဲ့ သူကလည်း Labour Law ကိုလိုက်နာဖို့လိုတယ်။ နှစ်ဦးနှစ်ဘက်ကြားမှာ ဥပဒေကို နားလည်ဖို့လိုတယ်။ဒါကြောင့် MICမှာလာတယ်ဆိုရင် HR မန်နေဂျာ ခန့်တဲ့သူကိုသေချာနားလည် ကျွမ်းကျင်တဲ့သူကိုခန့်ပါလို့ အမြဲ တမ်းပြောတယ်”ဟု၎င်းက ဆိုသည်။

အလုပ်ရှင် အလုပ်သမားပြဿနာများကိုမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် အလုပ်သမားရုံးသို့ လွှဲပြောင်းညှိနှိုင်းပေးသည်များ ရှိသကဲ့သို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။

"ဒီမှာလေဘာ issue တွေ အများကြီးလာတယ်။ လေဘာနဲ့ ပတ်သက်ပြီး issue တက်လာပြီးဆိုရင် MIC ကတော့ လေဘာရုံးကိုပြောပေးလိုက်တယ်။ ဒီမှာတော့ ဒီ issue တွေရှိနေတယ်။ ဒါကို ကူညီဖြေရှင်းပေးပါဆိုပြီး၊

ဒါပေမယ့် MIC ဘက်ကတော့ ဖြစ်လာတဲ့ ပြဿနာကို ဝန်ကြီးဌာန တွေကြားမှာ ပေါင်းစပ်ညှိနှိုင်းပေးတာမျိုးကိုပဲ လုပ်ပေးတယ်"ဟုဒေါ်တင်အေးဟန်ကဆက်လက်ပြောဆိုသည်။

ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ၂၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံတွင် ဒုတိယမြောက်ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံလည်းဖြစ်သည်။ အဆိုပါ ပမာဏမှာ မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်းရှိနေသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...