ပညာရေးဝန်ထမ်းများ ပညာဆက်လက်သင်ယူခွင့်နှင့် ခွင့်လုံလောက်မှုရရေး နံရံကပ်လှုပ်ရှားမှုပြုလုပ်

ပညာရေးဝန်ထမ်းများ ပညာဆက်လက်သင်ယူခွင့်နှင့် ခွင့်လုံလောက်မှုရရေး နံရံကပ်လှုပ်ရှားမှုပြုလုပ်

အခြေခံပညာကျောင်းများတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများအနေဖြင့် ပညာဆက်လက်သင်ယူခွင့်ရရေးနှင့် ခွင့်လုံလုံလောက်လောက်ရရှိနိုင်ရေးအတွက် နံရံကပ် လှုပ်ရှားမှုကို ဟားခါးပညာရေးကောလိပ်တွင် စက်တင်ဘာလ (၁၇) ရက်နေ့တွင် လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

နံရံကပ်လှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများ၏ အခွင့်အရေးတောင်းဆိုမှုစာတမ်းများကို နံရံများတွင်ကပ်ပြီး ဆန္ဒဖော်ထုတ်ဖော်ထုတ်ကြခြင်းဖြစ်သည်။

“ကျတော်တို့အနေနဲ့ ဒီတစ်ပတ်ထဲမှာဘဲ လှုပ်ရှားမှုတွေလုပ်တယ်၊ အဲဒီမှာ ကျတော်တို့တောင်းဆိုတာ သုံးချက်ရှိတယ်၊ ပညာဆက်လက်သင်ယူခွင့်မှာ ခွင့်လုံလုံလောက်လောက်ရရှိဖို့က အဆင်မပြေဘူး၊ တစ်ခြားဌာနတွေဆိုရင် ၄၅ရက်တောင်မှ ရကြတယ်၊ အဲဒါကြောင့် ကျတော်တို့အနေနဲ့ ပညာဆက်လက်သင်ယူခွင့်နှင့် ခွင့်လုံလုံလောက်လောက်ရရှိဖို့ လှုပ်ရှားမှုကိုလုပ်ရတာဖြစ်ပါတယ်”ဟု ဟားခါးကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုအောင်ခင်နိုင်မှပြောသည်။

နံရံကပ်လှုပ်ရှားမှုတွင် အချက်နှစ်ချက်တောင်းဆိုထားပြီး အဝေးသင်ပညာ ဆက်လက်သင်ယူခွင့်ရရှိရေး၊ ခွင့်လုံလုံလောက်လောက်ရရှိရေးတို့ဖြစ်ပြီး အခြေခံပညာ ညွှန်ကြားရေးမှူးချုပ်နှင့်လည်း တွေ့ဆုံညှိနှိုင်းသွားဖို့ရှိကြောင်းသိရသည်။

“ကျတော်တို့က ပညာရေးကျောင်းကနေပြီးသွားရင် ဒီပလိုမာရတယ်၊ ဒီပလိုမာက ဘွဲ့မဟုတ်တဲ့အတွက် ကျတော်တို့ မူလတန်းပြဖြစ်သွားတဲ့အချိန်မှာ ဘွဲ့လိုချင်ရင် ဝိဇ္ဇာ သိပ္ပံ ဘွဲ့ရဖို့ အဝေးသင်ပြန်ဖြေရမယ်၊ အဲလိုချိန်မှာ ခွင့်က (၁၇) ရက်တည်းဆိုရင် မလုံလောက်ဘူး၊ ခရီးဝေးတဲ့ဒေသတွေအတွက်ဆို သွားတာလာတာနဲ့ (၆)ရက်လောက်အချိန်ယူရတော့ စာကျက်ဖို့ အချိန်မရတော့ဘူး၊ ဒါကြောင့်မို့လို့ ခွင့်ကို (၂၅) ရက် မဟုတ်ရင် တစ်လဆိုရင် ပိုပြီးတော့အဆင်ပြေမယ်”ဟု ပြောသည်။

အဆိုပါနံရံကပ်လှုပ်ရှားမှုကို တစ်နိုင်ငံလုံးတွင်ရှိသည့် ပညာရေးကောလိပ် ၂၄ ကျောင်း ကိုယ်စားပြု ကော်မတီမှ ဦးဆောင်မှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး တစ်ရက်တွင် နှစ်ကျောင်းနှုန်းဖြင့် ကျောင်းအားလုံးတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ပညာဆက်လက်သင်ယူခွင့်ရရေးနှင့် ခွင့်လုံလုံလောက်လောက်ရရှိနိုင်ရေး လှုပ်ရှားမှုအောင်မြင်ခဲ့ပါက DTEC ကျောင်း အပတ်စဉ် ၂၃ထိ ကျောင်းဆင်းထားသည့် ဆရာ/ဆရာမ များ၊ ပညာရေးကောလိပ်ကျောင်းပြီးထားသည့် ဆရာ/ဆရာမ သောင်းချီအတွက် အကျိုးကျေးဇူးခံစားရမည်ဖြစ်ကြောင်း သိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...