အင်တာနက်ဖြတ်တောက်ခံဒေသများအတွက် အရပ်ဖက်အဖွဲ့များမှ လှုပ်ရှားမှု ပြုလုပ်မည်

အင်တာနက်ဖြတ်တောက်ခံဒေသများအတွက် အရပ်ဖက်အဖွဲ့များမှ လှုပ်ရှားမှု ပြုလုပ်မည်
Phpto - EPA - EFE/NYUNT WIN
Phpto - EPA - EFE/NYUNT WIN

အင်တာနက် ဖြတ်တောက်ခံရသော ရခိုင်ဒေသရှိ မြို့နယ်များတွင် နေထိုင်သူများအတွက် စာနာကြောင်း ပြသနိုင်ရန် လာမည့် စက်တင်ဘာ ၃၀ ရက်တွင် အင်တာနက်ပိတ်သည့် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ရန် အရပ်ဖက်အဖွဲ့အစည်း လေးခုမှ တိုက်တွန်းလိုက်သည်။

အင်တာနက်ဖြတ်တောက်မှု ၁၀၁ ရက်မြောက်နေ့ဖြစ်သည့် စက်တင်ဘာ ၃၀ ရက်နေ့တွင် “ ဖုန်းအင်တာနက်များ ပိတ်ပေးရန် ၊ ဆက်သွယ်မှူကွန်ရက် (ဝိုင်ဖိုင်)များ ပိတ်ပေးရန် ၊ရုံးများတွင် ဆက်သွယ်မှု ဖြတ်တောက်ထားသည့်အကြောင်း အီးမေးလ်များအော်တို ပြန်ပေးရန်နှင့် ဖေ့စ်ဘွတ်များ ပိတ်ပေးပြီး၊ ယင်းအခြေအနေကြောင့် မည်သို့မည်ပုံသက်ရောက်ခံစားရကြောင်း စမ်းကြည့်ရန်” တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ (Free Expression Myanmar)၊ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business)၊ ဖွံ့ဖြိုးမှုအတွက် ‘မြန်’ အိုင်စီတီအဖွဲ့ (MIDO) နှင့် ဖန်တီးရာ (Phandeeyar) တို့မှ စက်တင်ဘာ ၁၃ ရက်က ပူးပေါင်း တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့မှ စတင်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ  MPT ၊ Mytel ၊ Telenor နှင့်  Ooredoo သို့ ဇွန် ၂၁ ရက်နေ့ ည ၁၀ နာရီမှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ ပဋိပက္ခ ဖြစ်ပွားနေသော မြို့နယ်များတွင် အင်တာနက်ဆက်သွယ်မှုဖြတ်တောက်ရန် ညွှန်ကြားထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်တွင် ရခိုင်ပြည်နယ်ရှိ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝတို့ အင်တာနက် ပြန်လည်ရရှိခဲ့သော်လည်း ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ်များမှာ အင်တာနက် ပြန်လည် မရရှိသေးပေ။

အဆိုပါ မြို့နယ်များတွင် နေထိုင်သူများအတွက် စာနာကြောင်းနှင့် စည်းလုံးမှုရှိကြောင်း ပြသနိုင်ရန် အင်တာနက်ဖြတ်တောက်မှု ၁၀၁ ရက်မြောက်နေ့ (Day 101 Internet Blackout Day ) လှုပ်ရှားမှုတွင် မိုဘိုင်းလ်အင်တာနက်နှင့် လုပ်ငန်းအင်တာနက်/ wifi ကို ၂၄ နာရီတိတိ ပိတ်ထားရန်၊ Facebook ပရိုဖိုင်ပုံကို အင်တာနက် ဖြတ်တောက်မှု ၁၀၁ ရက်မြောက်နေ့ (101th Day of Myanmar Internet Blackout) ဆိုင်ရာ ပုံသို့ ပြောင်းခြင်း၊ ထိုသို့ အင်တာနက် အသုံးမပြုပဲ နေလိုက်ရခြင်းသည် သင်၏ တစ်နေ့တာကို မည်သို့ သက်ရောက်မှုရှိကြောင်း မှတ်တမ်းတင်ထားပေးရန်၊ အောက်တိုဘာ ၁ ရက်နေ့မှ ၃ ရက်အတွင်း

၂၄ နာရီကြာ အင်တာနက်မရှိဘဲ လုပ်ကိုင်နေထိုင်ရသည့်အတွက် ကြုံတွေ့ရသည့် အတွေ့အကြုံအား [email protected] ကို အီးမေးပေးပို့ရန်တို့ ပါရှိသည်။

အင်တာနက်ဖြတ်တောက်မှုသည် လုံခြုံမှု၊ အသက်မွေးဝမ်းကျောင်းမှု၊ ကျန်းမာရေး၊ ပညာရေး၊ မိသားစုဘဝ၊ သတင်းအချက်အလက်နှင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်တို့ကို သက်ရောက်မှုရှိကြောင်းပါ အဆိုပါ အရပ်ဖက်လေးဖွဲ့မှ ပူးပေါင်းပါဝင်သည့် MDRF မှ ထုတ်ပြန်ပြောဆိုထားသည်။

April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...
April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...