ရွေးကောက်ပွဲတွင် အနိူင်ရပါက လက်ရှိအစိုးရထက် ရာနူန်းပြည့် အလုပ်လုပ်နိူင်မည်ဟု ချင်းပါတီပူးတွဲ ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲတွင် အနိူင်ရပါက လက်ရှိအစိုးရထက် ရာနူန်းပြည့် အလုပ်လုပ်နိူင်မည်ဟု ချင်းပါတီပူးတွဲ ဥက္ကဋ္ဌပြော

လာမည့် ၂၀၂၀ ရွေးကောက်တွင် ချင်းပါတီ အနိူင်ရရှိပါက လက်ရှိ အနိူင်ရပါတီ NLD အစိုးရထက် ၁၀၀ ရာခိုင်းနှုန်း အလုပ်လုပ်နိူင်မည် ဖြစ်ကြောင်း ချင်းပါတီ ပူးတွဲဥက္ကဌ Pu No Than Kap ကပြောသည်။

Pu No Than Kap က “ချင်းပြည်သူတွေ ကေတော့ လမ်း၊ တံတား၊ မီး နှင့် အခြေခံအဆောက်အအုံကိုပဲ ကြည့်ကြတယ်၊ အဲဒါတွေကတော့ ဘယ်ပါတီပဲ တက်တက်လုပ်ရမည့် အလုပ်ဖြစ်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့သာ အစိုးရဖြစ်ရင်တော့ အဲ့ဒီထက်ကျယ်ပြန့်တဲ့ စစ်ဆေးမှုတွေ လုပ်မယ်၊ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးတဲ့သူတွေ အလုပ်လုပ်ရင်တော့ ဘယ်တော့မှ လာဘ်ပေးလာဘ်ယူရှိမယ်လည်း မထင်ဘူး၊ အခုကတော့ contractor နာမည်ပျတ်တစ်ချို့တောင် လုပ်ငန်းပြန်ရကြတယ်၊ ဆိုတော့ ပြည်နယ်အစိုးရက နာမည်ပျတ် contractor တွေကို အားနာသလိုလို ဖြစ်နေတော့တာတော့ကိုယ့်လူမျိုး၊ ကိုယ်ပြည်နယ်ရဲ့ အကယ်လိုအပ်ချက် မလုပ်ဖြစ်ကြဘူး” ဟု ပြောသည်။

ဆက်ပြီး သူက “ကျွန်တော်တို့ အစိုးရဖွဲ့လိုက်ရင် ကျောင်းတွေမှာ ကိုယ့်စာပေနဲ့ ယဉ်ကျေးမှု သင်ကြားနိူင်ခွင့်တွေလုပ်မယ်၊ အခုကတော့ ကိုယ့်ယဉ်ကျေးမှုက ပျောက်ကွယ်နေပြီး သူများယဉ်ကျေးမှုက လာဖုံးနေတယ်၊ ဥပမာ ဘိုးဘွားအမွေဆက်ခံခြင်းတို့လိုပေါ့၊ ကိုယ့်လူမျိုးတွေအတွက် ဥပဒေ မရှိတော့ဘူး၊ ကျွန်တော်တို့ ချင်းပါတီတွေကတော့ သူများလုပ်ပြီးသား ဥပဒေမှာ နေဖို့မဟုတ်၊ ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်နဲ့ ကိုက်ညီတဲ့ ဥပဒေတွေ ပြဌာန်းမယ်၊ အဲဒါတွေ အကောင်အထဲ ဖေါ်ဖို့လည်း နိူင်ငံရေးလောကထဲ ပါဝင်ခြင်းလည်း ဖြစ်တယ်” ဆိုသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)ပါတီ အနေဖြင့် ချင်းပြည်နယ်အတွင်း ပလက်ဝမြို့နယ်မှလွဲပြီး ကျန်မြို့များတွင် ပါတီဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ချင်းလူမျိုးအများစုနေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးများတွင် လည်းပါတီရုံးဖွင့်ပွဲများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...