နော်အုန်းလှကို ဖမ်းဆီးမှု KNU Concerned Group ကန့်ကွက်

နော်အုန်းလှကို ဖမ်းဆီးမှု KNU Concerned Group ကန့်ကွက်
Chairwoman of Karen Women’s Union (KWU) Naw Ohn Hla. Photo: Mizzima
Chairwoman of Karen Women’s Union (KWU) Naw Ohn Hla. Photo: Mizzima

ကရင့်အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့လယ်တွင် ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် ကရင်အမျိုးသမီး အစည်းအရုံး(KWU) ဥက္ကဋ္ဌ နော်အုန်းလှအား ကျောက်တံတားရဲစခန်းမှ လာရောက်ဖမ်းဆီးသွားခြင်းအပေါ် KNU Concerned Group က ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံးရဲ့ ဒု-ဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်သည့် KNU Concerned Group က ထုတ်ပြန်ချက်တွင် နော်အုန်းလှအား ဖမ်းဆီးအရေးယူမှုသည် ကရင်တစ်မျိုးသားလုံးအား ထိပါးစော်ကားခြင်း ဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။

ယင်းအတွက်ကြောင့် ကရင်လူမျိုးများမှ အမှန်တရားမြတ်နိုးမှု ၊ တရားမျှတမှု ၊ သတ္တိရှိမှု နှင့် စည်းလုံးညီညွတ်မှု ကို ပြသရန် လိုအပ်နေသည်ဟုလည်း KNU Concerned Groupက ပြောဆိုထားသည်။

KNU Concerned Group သည် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် မသက်ဆိုင်သော်လည်း KNUတွင် ထိပ်တန်းတာဝန်တွေယူခဲ့ဖူးသူများက ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းတွင် ဦးဆောင်ဖွဲ့စည်းထားသည့် အဖွဲ့ လည်းဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ချက်များကို စောင့်ကြည့်ဖော်ပြသဘောထား ထုတ်ပြန်မှုများ ပြုလုပ်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပရန် ခွင့်ပြုချက်တင်ခဲ့သော်လည်း သက်ဆိုင်ရာက ခွင့်မပြုခဲ့ခြင်းကြောင့် ငြိမ်းစုစီဥပဒေအတိုင်း တင်ပြကာ မဟာဗန္ဓုလပန်းခြံရှေ့၌ သြဂုတ် ၁၂ ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် ပွဲဦးဆောင်ကျင်းပသူ နော်အုန်းလှ အပါအဝင် ကရင်လူငယ်နှစ်ဦးဖြစ်သည့် စသိန်းဇော်မင်းနှင့် စောအဲဘတ်ချိုတို့ကို ငြိမ်းစုစီဥပဒေအရ ကျောက်တံတားမြို့နယ်ရဲစခန်းက တရားစွဲဆိုကာ စက်တင်ဘာ ၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...