ဟားခါးမြို့တွင် တိုင်ကြားခံရသည့် မြေကွက်ရောင်းသူများအမှု အချိန်ကြာ စိစစ်ရမည်ဟုဆို

ဟားခါးမြို့တွင် တိုင်ကြားခံရသည့် မြေကွက်ရောင်းသူများအမှု အချိန်ကြာ စိစစ်ရမည်ဟုဆို

ဟားခါးမြို့တွင် အစိုးရမှ ဆောင်ရွက်နေသည့် မြို့ပြစီမံကိန်းအတွင်း မြေအရောင်းအဝယ် ပြုလုပ်ခဲ့သူများ ဟုယူဆရသည့် (၆)ဦးကို ပြည်သူပိုင် ပစ္စည်း အလွဲစားသုံးမူ ပုပ်မ ၆(၁)ဖြင့် ဟားခါးမြို့မ ရဲစခန်းမှ အဖွင့်ထားကြောင်း စခန်းမှူး သိန်းဇော်ဦးက ပြောသည်။

စခန်းမှူး ဦးသိန်းဇော်ဦးက “အဲလိုရောင်းချတဲ့သူတွေ ခြောက်ဦးကိုတော့ ပြည်သူပိုင် ၆(၁)ပုဒ်မနဲ့ အမူဖွင့်ထားတယ် အသေးစိတ်တော့ မလုပ်ရသေးဘူး။ အမှုလာဖွင့်ထားလို့ စစ်ဆေးနေဆဲ ကာလဖြစ်တယ်။ လူတော်တော်များများ စစ်ဆေးရဦးမှာဆိုတော့ အချိန်တော့ ယူရဦးမယ်”ဟုပြောသည်။

ဟားခါးမြို့ှု မြို့ပြစီမံကိန်းအတွင်း မြေအရောင်းဝယ် လုပ်သူများဟု ယူဆပြီး အဖမ်းဆီးခံရသူများသည် Pu Zung Mang၊ Pu Bawi Awr၊ Pu Chan Thleng၊ Rev. Dr Hrang kil၊ Pu Hmet Al နှင့် Pi Ngun Par တို့ဖြစ်ကြကြောင်း သိရှိရသည်။

ဟားခါးမြို့ မြို့ပြစီမံကိန်း စည်ပင်ဧရိယာ ဧက ၆၇၆ တွင် ရှိသည့် အိမ်များကို သြဂုတ်လ(၂၀)ရက်နေ့တွင် ချင်းပြည်နယ်အစိုးရမှ ကျူးကျော်အိမ်များဟု သတ်မှတ်ကာ စက်ကြီးများနှင့် ဖျက်စီးခဲ့ပြီး ၎င်း ၆၇၆ဧကတွင် အစိုးရမှ အကွက်ပေါင်း (၇၁၇)ကွက်ဖော်ပြီး အစိုးရနေဖြင့် ရောင်းချရန်ပြင်ဆင်လျက်ရှိသည်။

အဆိုပါ မြို့ပြစီမံကိန်းအတွင်း မြေကွက်ဝယ်လိုသူများမှ မြေကွက်ဝယ်ယူရန် အစိုးရတွင် လျှောက်လွှာများတင်ကာ ဝယ်ယူကြရမည်ဖြစ်ပြီး မြေကွက်ရောင်းချမူမှရရှိသော ငွေကြေးဖြင့် လမ်းများပြုပြင်ရာတွင် အသုံးပြုသွားမှာဖြစ်ကြောင်းလည်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...