ဟားခါးမြို့တွင် တိုင်ကြားခံရသည့် မြေကွက်ရောင်းသူများအမှု အချိန်ကြာ စိစစ်ရမည်ဟုဆို

ဟားခါးမြို့တွင် တိုင်ကြားခံရသည့် မြေကွက်ရောင်းသူများအမှု အချိန်ကြာ စိစစ်ရမည်ဟုဆို

ဟားခါးမြို့တွင် အစိုးရမှ ဆောင်ရွက်နေသည့် မြို့ပြစီမံကိန်းအတွင်း မြေအရောင်းအဝယ် ပြုလုပ်ခဲ့သူများ ဟုယူဆရသည့် (၆)ဦးကို ပြည်သူပိုင် ပစ္စည်း အလွဲစားသုံးမူ ပုပ်မ ၆(၁)ဖြင့် ဟားခါးမြို့မ ရဲစခန်းမှ အဖွင့်ထားကြောင်း စခန်းမှူး သိန်းဇော်ဦးက ပြောသည်။

စခန်းမှူး ဦးသိန်းဇော်ဦးက “အဲလိုရောင်းချတဲ့သူတွေ ခြောက်ဦးကိုတော့ ပြည်သူပိုင် ၆(၁)ပုဒ်မနဲ့ အမူဖွင့်ထားတယ် အသေးစိတ်တော့ မလုပ်ရသေးဘူး။ အမှုလာဖွင့်ထားလို့ စစ်ဆေးနေဆဲ ကာလဖြစ်တယ်။ လူတော်တော်များများ စစ်ဆေးရဦးမှာဆိုတော့ အချိန်တော့ ယူရဦးမယ်”ဟုပြောသည်။

ဟားခါးမြို့ှု မြို့ပြစီမံကိန်းအတွင်း မြေအရောင်းဝယ် လုပ်သူများဟု ယူဆပြီး အဖမ်းဆီးခံရသူများသည် Pu Zung Mang၊ Pu Bawi Awr၊ Pu Chan Thleng၊ Rev. Dr Hrang kil၊ Pu Hmet Al နှင့် Pi Ngun Par တို့ဖြစ်ကြကြောင်း သိရှိရသည်။

ဟားခါးမြို့ မြို့ပြစီမံကိန်း စည်ပင်ဧရိယာ ဧက ၆၇၆ တွင် ရှိသည့် အိမ်များကို သြဂုတ်လ(၂၀)ရက်နေ့တွင် ချင်းပြည်နယ်အစိုးရမှ ကျူးကျော်အိမ်များဟု သတ်မှတ်ကာ စက်ကြီးများနှင့် ဖျက်စီးခဲ့ပြီး ၎င်း ၆၇၆ဧကတွင် အစိုးရမှ အကွက်ပေါင်း (၇၁၇)ကွက်ဖော်ပြီး အစိုးရနေဖြင့် ရောင်းချရန်ပြင်ဆင်လျက်ရှိသည်။

အဆိုပါ မြို့ပြစီမံကိန်းအတွင်း မြေကွက်ဝယ်လိုသူများမှ မြေကွက်ဝယ်ယူရန် အစိုးရတွင် လျှောက်လွှာများတင်ကာ ဝယ်ယူကြရမည်ဖြစ်ပြီး မြေကွက်ရောင်းချမူမှရရှိသော ငွေကြေးဖြင့် လမ်းများပြုပြင်ရာတွင် အသုံးပြုသွားမှာဖြစ်ကြောင်းလည်း သိရသည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...