ကျောင်းသူ/သား ရာဂဏန်းဖျားနာ၍ ပိတ်ထားခဲ့သည့်ကျောင်း ပြန်ဖွင့်

ကျောင်းသူ/သား ရာဂဏန်းဖျားနာ၍ ပိတ်ထားခဲ့သည့်ကျောင်း ပြန်ဖွင့်

တီးတိန်မြို့နယ် ဖိုင်ဇာကျေးရွာတွင် ကျောင်းသူကျောင်းသား တစ်ရာကျော် ဖျားနာသဖြင့် စက်တင်ဘာလ(၆) ရက်နေ့မှစပြီး ကျောင်းပိတ်ထားခဲ့ရသော်လည်း ပြန်ဖွင့်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

ဖိုင်ဇာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသူကျောင်းသား ၂၃၀ ဦးရှိ သည့် အနက် တစ်ရာကျော် ကျောင်းသူကျောင်းသားများမှာ ဆင်တုပ်ကွေးဖြင့် ဖျားနာခြင်းကြောင့် ကျောင်းကို ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

ဖိုင်ဇာကျေးရွာ ဒေသခံ ကျောင်းသားမိဘဖြစ်သူ ဦးခိုင်ရှန်းက “ပြီးခဲ့တဲ့ပတ်သောကြာနေ့က တစ်ရက်တော့ ပိတ်လိုက်ရတယ်။ ကျောင်းသူ ကျောင်းသား တစ်ရာကျော် ဖျားလို့ ကျောင်းတစ်ရက်တော့ ပိတ်ထားလိုက်ရတယ်။ ဒီနေ့တော့ ကျောင်းပြန်ဖွင့်ပြီ။ ဒါပေမဲ့ ကျောင်းသူကျောင်းသား တစ်ဝက်လောက်ဘဲ ကျောင်းတက်နိုင်တယ်လို့သိရတယ်”ဟုပြောသည်။

တီးတိန်မြို့နယ် ဖိုင်ဇာကျေးရွာတွင် အိမ်ခြေ(၁၇၉)အိမ်ရှိပြီး ဖိုင်ဇာကျေးရွာနေ ကျောင်းသူကျောင်းသားများတွင် ဆင်တုပ်ကွေးဖြစ်ပွားကြောင်း ကျေးရွာရှိ ဆေးကုသပေးနေသူ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများ ပြောပြချက်အရ သိရှိရကြောင်း ဦးခိုင်ရှင်းကပြောသည်။

ဖိုင်ဇာကျေးရွာတွင် ကျောင်းသူကျောင်းသားထက်ဝက်ဖျားနာပြီး ကျောင်းမတက်နိုင်ခြင်းကြောင့် ကျောင်းစာမလိုက်နိုင်မည်စိုးရိမ်၍ ကျောင်းကိုခေတ္တပိတ်ထားရခြင်းဖြစ်ကြောင်းသိရသည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...